
APM ၊ ဧပြီ ၁၁ / ၂၀၂၄
ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းရာမာ ” ဝ ” နန့် ” ရက္ခိုင် ” အပြန်အလှန်လေ့လာသင်ယူခကတ်တေလို့ ဧပြီ ၁၀ ရက်နိ ကျရောက်တေ (၁၅) နှစ်မြောက် အာရက္ခတပ်တော်နိအခမ်းအနားသို့ ” ဝ ” ပြည်သွီးစည်းညီညွှတ်ရီးပါတီ(UWSP) ဗဟိုကော်မတီက ပီးပို့ရေ ဂုဏ်ပြုသဝဏ်လွှာထဲမာ ဖော်ပြထားပါရေ။
“ဝ ပြည် နန့် “ရက္ခိုင် ရို့သည် ရင်းနှီးသော ညီနောင်အဖွဲ့အစည်း နှစ်ဖွဲ့ဖြစ်ပြီးကေ နှစ်ဖက်ဖော်ရွီသော ဆက်ဆံရီးကို အမြဲထိန်းသိမ်းကာ ဒေသအသီးသီး၏ လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုလူနီမှုဘဝ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရာ လုပ်ငန်းစဉ်ရို့တွင် အပြန်အလှန် လေ့လာသင်ယူခပြီး နက်နဲသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ခကတ်ပါသည်လို့ ဆိုပါရေ။
ဒေချစ်ကြည်မှုစွာ အချိန်ကြာလာစွာနန့်အမျှ အဆက်မပြတ် တိုးပွားမြင့်တက်ပြီး ခိုင်မာလာဖို့လို့ မျှော်လင့်ကြောင်းလည်း သဝဏ်လွှာမာ ဖော်ပြထားပါရေ။
ယင်းအပြင် အာရက္ခတပ်တော်စွာ တည်ထောင်ခါကပင် မရေမတွက်နိုင်ရေ အခက်အခဲတိကို ကျော်ဖြတ်ခရပြီးကေ သာမန်မဟုတ်တေ ၁၅ နှစ်တာ ကာလကို ဖြတ်သန်းခရပနာ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက် ၊ အင်အားကြီးထွားလာရေလို့လည်း (၁၅)နှစ်မြောက် အာရက္ခတပ်တော်နိအခမ်းအနားသို့ ပီးပို့ရေ ” ဝ ” ပြည်သွီးစည်းညီညွှတ်ရီးပါတီ ဗဟိုကော်မတီ၏ ဂုဏ်ပြုသဝဏ်လွှာမာ ဖော်ပြထားပါရေ။
