APM ၊ ဧပြီ ၁၁ / ၂၀၂၃
ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် စကခ (၉) ကန်ဇောက်တပ်မအရှိ၌ ပြီးခသည့် ရက်ပိုင်းကစ၍ လက်ဟိ အချိန်အထိ လမ်းလားလမ်းလာသူများကို တင်းတင်းကျပ်ကျပ်စစ်ဆီးလျက်ဟိကြောင်း သိရသည်။
အဆိုပါတပ်မအရှိ စစ်ဆီးရီးဂိတ်မှ ကုန်ခသည့် ဧပြီ ၄ ရက်နိကစ၍ လမ်းလားလမ်းလာခရီးသည်များကို တင်းတင်း ကျပ်ကျပ် စစ်ဆီးလျက်ဟိပြီး ခရီးလားပြည်သူများကိုလေ့ ဆဲဆိုခြိမ်းခြောက်ပြောဆိုမှုများ ဟိနီကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ၎င်းတပ်မစစ်ဆီးရီးဂိတ်မှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ကယ်ရီသမားများ၊ ကားသမားများနန့် ခရီးလားပြည်သူ များထံမှလေ့ အတင်းအဓမ္မငွေကြေးကောက်ခံမှုများဟိကြောင်း ဆိုသည်။
ရက္ခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ် စဲပြီးနောက် မြန်မာစစ်တပ်ဖက်မှ မြို့နယ်အသီးသီး၌ စစ်ရီးလှုပ်ယှားမှုများ ပို၍လုပ်ဆောင် လာသည့်အပြင် စစ်ဆီးရီးဂိတ် များကိုလေ့ တိုးချဲ့ဖွင့်လှစ်ကာ စစ်ဆီးမှုများကို တင်းကျပ်ထားလျက်ဟိသည်။