
APM ၊ ဧပြီ ၁၁ / ၂၀၂၃
စီးပွားရီးပူးပေါင်းဆောင်ရွက်မှု နန့် ဖွံ့ဖြိုးတိုးတက်ရီးအဖွဲ့ (OECD)၏၂၀၂၃ အတွက် အရှိတောင်အာသျှ၊ တရုတ်နန့် အိန္ဒိယ နိုင်ငံများ၏စီးပွားရီးဖွံ့ဖြိုးတိုးတက်ရီးဆိုင်ရာအစီ အရင်ခံစာ၌ “အာဆီယံဒေသတွင်းနိုင်ငံများအနက်က မြန်မာသည် စီးပွားရီးတိုးတက်မှုနှုန်း အနိမ့်ဆုံးတိုင်းပြည် ဖြစ်လာနိုင်ကြောင်း” ခန့်မှန်းထားသည်။
OECD က “ကမ္ဘာ့စီးပွားရီးနှေးကွေးမှုနန့်တတူ အရှိတောင် အာရှ၏စီးပွားရီတိုးတက်နှုန်းမှာ ၂၀၂၂ခုနှစ်က ၅ ဒသမ ၆ ရာခိုင်နှုန်းဟိခရာမှ ၂၀၂၃ ခုနှစ်မှာတော့ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်”ဟု ဖော်ပြသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မနှစ်က၂ ဒသမ ၆ ရာခိုင် နှုန်းမှ ၂၀၂၃ ခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ပြီး ဒေသတွင်း အဆင့် (၆) နီရာမှာ ရပ်တည်နိုင်ကြောင်းဆိုသည်။
အလားတူ ဒေနှစ်အတွင်း ဗီယက်နမ်မှာ ၆ ဒသမ ၄ ရာခိုင် နှုန်းတိုး တက်လာနိုင်ပြီး ဖိလစ်ပိုင်က ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၅ ဒသမ ၄ ရာခိုင်နှုန်းစီတိုးလာနိုင်သည်ဟု OECD က ခန့်မှန်းသည်။
၂၀၂၃ ခုနှစ် အရှိတောင်အာသျှဒေသတွင်း စီးပွားရီးတိုး တက်မှုနှုန်းကို နှောင့်နှေးစီသည့် အဓိကအကြောင်းရင်းမှာ ငွေကြေးဖောင်းပွမှုနန့် ကမ္ဘာ့စီးပွားရီးနှေးကွေးမှုရို့ ကြောင့်ဟု OECDက ဆိုသည်။
ယင်းအပြင်တရုတ်နိုင်ငံကိုဖော်ပြရမှာလေ့ မနှစ်က ဖွံ့ ဖြိုး မှု ၃ ရာခိုင်နှုန်းဟိခပြီး ဒေနှစ်မှာ ၅ ဒသမ ၃ ရာခိုင်နှုန်း အထိ တိုးလာနိုင်သည်ဟု OECD ၏ ဒေသတွင်း စီးပွားရီးစစ်တမ်းထဲမှာ ခန့်မှန်းဖော်ပြ ထားကြောင်း တွိဟိရသည်။
Source – OECD predicts SE Asian growth to decline
Photo – Somchai Poomlard
