
APM ၊ မာ့ချ် ၁၁/၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဒေနိ၊မာ့ချ် ၁၁ ရက်နိ၊မိုးထပိုင်းက အကြမ်းဖက်စစ်ကောင်စီထောင်ထားရေ မိုင်းကိုတက်နင်းမိလို့ ဂုံးချွိန်တိုက်နယ်က အရပ်သားပြည်သူတယောက် ခြီတဖက်ပြတ်လားခကြောင်း သိရပါရေ။
အကြမ်းဖက်စစ်တပ်၏ မိုင်းဒဏ်ကြောင့် ခြီတဖက်ပြတ်ထွက်လားခလူကတော့ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ရွာက ဦးမျိုးရွှီသန်း(၄၅ နှစ်) ဖြစ်ပါရေ။
ဦးမျိုးရွှီသန်းစွာ မာ့ချ် ၁၁ ရက်နိ၊ မိုးထ ၈ နာရီလောက်မာ သူနီထိုင်ရေ မင်းတက်တောင်ရွာနားက ကျော်ကုန်းတောင်သို့ ထင်းခြွီလားချိန်မာယင်းတောင်ထက်မာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ပစ်ခရေ မိုင်းကို တက်နင်းမိခစွာဖြစ်ပါရေ။
မိုင်းပေါက်ကွဲမှုကြောင့် ဦးမျိုးရွှီသန်း၏ ဘယ်ခြီတဖက်ပြတ်ထွက်လားခရေပိုင် ညာခြီထောက်မာလည်း မိုင်းစထိမှန် ဒဏ်ရာလားခရေလို့ ဒေသခံတိက ပြောပါရေ။
လက်ဟိမာ ဦးမျိုးရွှီသန်းစွာ အရေးပေါ်ဆီးကုသမှုခံယူလျက်ဟိကြောင်း သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ၎င်းရို့၏ တပ်စခန်းတခုပြီး တခု၊ တမြို့ပြီးတမြို့ လက်လွှတ်ပီးနီရရေ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ ၎င်းရို့ စွန့်လွှတ်ခရရေ စခန်းတိ၊ မြို့ရွာနီရာတိအပြင် နောက်ထပ်စွန့်လွှတ်ရဖို့ စခန်းတိနန့် မြို့ရွာပတ်ဝန်းကျင်တိမာ ယုတ်မာကောက်ကျစ်စွာ မြီမြှုပ်မိုင်းတိထောင်ထားခရေအတွက် အာရက္ခပြည်သူတိအနီနန့် အထူးသတိပြုလားလာကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အလေးအနက် သတိပီးတိုက်တွန်းထားပါရေ။
