
(မာ့ချ် ၄ ရက်နိမှ ၁၀ ရက်နိအထိ)
၁။ ၄-၃-၂၀၂၄(တလင်းလာ)
(၁) အာရက္ခတိုင်းပြည်တည်ဆောက်ရီးအတွက် အသိပညာသျှင်၊ အတတ်ပညာသျှင်တိနန့် ဝန်ထမ်းဟောင်းတိကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဖိတ်ခေါ်လိုက်ပါရေ။
(၂) သျှမ်းမြောက်က ရက္ခိုင့်တပ်တော် AA အပစ်ရပ်ပြီး၊ ရက္ခိုင်ပြည်က ရက္ခိုင့်တပ်တော် AA အပစ်မရပ်ဟု ရက္ခိုင့်တပ်တော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားလိုက်ပါရေ။
(၃) အကြမ်းဖက်စစ်ကောင်စီစွာ မာ့ချ် ၄ ရက်နိမာ ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်းဟိ စေတီပြင်တန်းထားကို ဂျက်ဖိုက်တာ နှစ်စီးနန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခပါရေ။
(၄) ရက္ခိုင်ပြည် ပညာရီးကဏ္ဍအတွက် သင်ရိုးညွှန်းတမ်းတိကို သီးသန့် ရွီးဆွဲပြဋ္ဌာန်းဖို့ ဆောင်ရွက်နီကြောင်း မာ့ချ် ၄ ရက်နိပြုလုပ်တေ အာရက္ခပြည်သူ့အစိုးရ၏ (၈)ကြိမ်မြောက်သတင်းစာယှင်းလင်းပွဲအဖွင့်မိန့်ခွန်းမာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယှင်းလင်းပြောကြားလိုက်ပါရေ။
၂။ ၅-၃-၂၀၂၄ (အင်္ဂါ)
(၁) ပုဏ္ဏားကျွန်းတမြို့နယ်လုံးကို သိမ်းပိုက်နိုင်ခပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မာ့ချ် ၄ ရက်နိ၊ ညည့်အချိန် ထုတ်ပြန်ပါရေ။
(၂) ကျောက်ဖြူမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၃၄)နန့် ခမရ(၅၄၂) တပ်ရင်းတိက တပ်ဖွဲ့ဝင်တိစွာ မြို့နယ် အတွင်းရပ်ရွာတိမာ အင်တိုက်အားတိုက် မိုင်းလိုက်ထောင်လျက်ဟိရာ မာ့ချ် ၄ ရက်နိမိုးထပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံဒွိန်ရွာအနားက တောင်ကုန်းတိမာ မိုင်းထောင်ထားခပါရေ။
(၃) ကျောက်တော်မြို့မာ အကြမ်းဖက် စစ်ကောင်စီက လျှပ်စစ်ဓာတ်အားပီးစက်ရုံကို ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲလို့ လျှပ်စစ်ဓာတ်အားပီးစက်ရုံပျက်စီးလားခပြီးကေ၊ ပိုက်သည်ရပ်ကွက်က ဘိုလှဌေး(၁၇ နှစ်)မာ ဘယ်ဖက်လက်မောင်း ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရလားခပါရေ။
၃။ ၆-၃-၂၀၂၄(ဗုဒ္ဓဟူး)
ညီနောင်မဟာမိတ် (၃) ဖွဲ့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရီးလုပ်ငန်းများ စီမံအကောင်အထည်ဖော်နီသည့် မြို့ (၃) မြို့ ဖြစ်သော မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရီး ကြေညာခြင်းသည် ဒေသတွင်း ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ပြီး၊ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စီ နိုင် ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မာ့ချ် ၆ ရက်နိမာ သဘောထားထုတ်ပြန်ပါရေ။
၄။ ၇-၃-၂၀၂၄ (ကြာသပတီး)
(၁) ရက္ခိုင်ပြည်တဝှမ်း တပ်မ၊ တပ်ရင်း၊ တပ်စခန်းများစွာကို စွန့်လွတ်ထားရပနာ အထိအခိုက်အကျအဆုံးများစွာနန့် အယှုံးကြီးရင်ဆိုင်နီရရေ အကြမ်းဖက်စစ်ကောင်စီစွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့အတွက် ပြည်သူ့စစ် ဂေါင်းစဉ်တပ်ပနာ ရက္ခိုင်ပြည်၊ ဂွမြို့နယ်မာလည်း ရပ်ရွာ အုပ်စုတစုကို လူ ၂၀ စီပီးရဖို့လို့ အတင်းအဓမ္မ ခြိမ်းခြောက်တောင်း နီပါရေ။
(၂) မောင်တောမြို့နယ်မြောက်ပိုင်းဟိ တောင်ပြို(လက်ဝဲ)မြို့နားမာ မာ့ချ် ၇ ရက်နိ၊ ညဇာ ၄ နာရီ မိနစ်၂၀ အချိန်လောက် က အကြမ်းဖက် ARSAအဖွဲ့ သီနတ်နန့် ပစ်သတ်လို့ တောင်ပြို(လက်ဝဲ)မြို့က ဦးမောင်ဘု (၂၈နှစ်) နန့် နံ့သာတောင်ရွာက ဒေါ်သူဇာသန်း(၃၀ နှစ်)ရို့နီရာမာပင် ဂွင်ချင်း သီဆုံးလားပါရေ။
၅။ ၈-၃-၂၀၂၄ (သောကြာ)
ပုဏ္ဏားကျွန်းမြို့ဟိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၅၀) အပါအဝင် တပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြီစိုက် ဌာနဆိုင်ရာရုံးများရှိတွင် ရိုက်ကူးထားသည့် ရက္ခိုင့်တပ်တော် စစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံများကို ရက္ခိုင့်တပ်တော်AA ထုတ်ပြန်လိုက်ပါရေ။
၆။ ၉-၃-၂၀၂၄ (စနီ)
ရက္ခိုင်ပြည်က မူဆလင်တိကို အကြမ်းဖက်စစ်ကောင်စီက လက်နက်တပ်ဆင်ပီးပြီးကေ ရက္ခိုင့်တပ်တော် AA ကို တိုက်ဖို့ ရက်ပိုင်းအတွင်း စစ်မြီပြင်သို့ စတင်ပို့ဆောင်နီပါရေ။
၇။ ၁၀-၃-၂၀၂၄ (တလင်းဂနီ)
(၁) မာ့ချ် ၉ ရက်နိက အကြမ်းဖက်စစ်ကောင်စီတပ်စွာ မောင်တောမြို့နယ်အတွင်း ဒေသခံပြည်သူတိ အသုံးပြုလား လာနီကတ်တေ မောင်တော-ဇူလရွာလမ်းကို ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဖျက်ဆီးပစ်ခပါရေ။
(၂) ရမ်းဗြဲမြို့ကို ၎င်းရို့စွန့်လွှတ်ရဖို့ သိနီရေ စစ်ယှုံးစစ်ကောင်စီစွာ “မစားရအမဲ သဲနန့်ပက်”ဆိုပိုင် ရမ်းဗြဲမြို့ ပြာကျ လားအောင် မာ့ချ် ၁၀ ရက်နိမာလည်း လီကြောင်း၊ ရီကြောင်းနန့် သူရဲဘောကြောင် အောက်တန်းကျစွာ ဆက်လို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖျက်ဆီးနီခပါရေ။
(၃) သံတွဲမြို့နယ်အတွင်း စစ်ရီးနန့် လုံးဝမသက်ဆိုင်၊ စစ်ရီးကိစ္စမလုပ်ရရေ ဘုန်းကြီး ကျောင်းတိအပါအဝင် သာသနိက အဆောက်အအုံတိ၊ စာသင်ကျောင်းတိမာ တပ်စွဲပနာ အာရက္ခပြည်သူတိကို နှစ်ရှည်လများ နိစဉ်ရက်ဆက် ဒုက္ခပီး လျက်ဟိရေ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်တိစွာ မာ့ချ် ၁၀ ရက်နိ၊ မိုးထပိုင်းမာလည်း ဒေသခံ လမ်းလားလမ်း လာတိကို တင်းတင်းကျပ်ကျပ် စစ်ဆီးပြီးကေ အသား၊ ငါးတိအပါအဝင် စားသောက်ကုန်ပစ္စည်းတိကို လုယူလျက် ဟိပါရေ။
(၄) စစ်တွေမြို့ကို လစာထုတ်ဖို့လာရေ ပညာရီးမှူးနှစ်ယောက်နန့် စနစ်သစ် ၁၂ တန်း စာမိန်းပွဲအတွက် အခန်းစောင့်ဖို့ လာရေ ဆရာ/ဆရာမ ၂၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခပါရေ။
(၅) မင်းပြားဟိ တိုင်းဗဟို (၉)လိကျင့်ရီးသင်တန်းကျောင်း၏ အုပ်ချုပ်ရီးဌာနမှူးဖြစ်သူ ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနန့် အခြား စစ်ကောင်စီတပ်ဖွဲဝင်များစွာရို့ကို မာ့ချ် ၈ ရက်နိ၊မိုးထပိုင်းမာ အသီဖမ်းဆီးရမိခကြောင်း ရက္ခိုင့်တပ်တော်က မာ့ချ် ၉ ရက်နိမာ ထုတ်ပြန်ပါရေ။
(၆) မာ့ချ် ၉ ရက်နိ၊ညည့်မာ စစ်တွေမြို့၊ ကသဲရပ်ကွက်ကိုအကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနန့် ရည်ရွယ်ချက် ဟိဟိ ပစ်ခတ်တိုက်ခိုက်ခလို့ ဒေသခံမူဆလင် ၅ ယောက်ထက်မနည်းသီဆုံးလားပြီးကေ အများအပြား ဒဏ်ရာရလားပါရေ။
