APM ၊ မာ့ချ် ၁၁ / ၂၀၂၃
ဒေနိ(မာ့ချ် ၁၁ ၇က်နိ)တွင်ကျရောက်သည့် (၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နိ အခမ်းအနားသို့ ညီနောင်မဟာမိတ်များတပ်ဖွဲ့များဖြစ်ကတ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရီးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရီးတပ်မတော် PSLF/TNLA နန့် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ရို့မှ ဂုဏ်ပြုသဝဏ်လွှာပီးပို့ကြောင်း သိရသည်။
သဝဏ်လွှာ၌ “ကိုးကန့်အမျိုးသားဂေါင်းဆောင်ကြီးဦးဖုန်ကြားသျှင် ဦးဆောင်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA) ကို ၁၉၈၉ ခုနှစ်၊ မာ့ချ် ၁၁ ရက်နိတွင် ဖွဲ့စည်းတည်ထောင်ခသည်။ ယင်းနောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးဒေသ (၁)ဖြစ်လာခပြီး “ဝ” UWSP/UWSA၊ “မိုင်းလား” (PSC/NDAA) အဖွဲ့အစည်းများကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်ခသည့် ဒေသတခုအဖြစ် နှစ်ပေါင်း (၂၀) ကျော်ကြာ ခေတ်ပြိုင်ရပ် တည်နိုင်ခသည်။ ယေကေလေ့ ၂၀၀၉ ခုနှစ်၊ သြဂတ်စ်လ (၈) ရက်နိတွင် လက်ဟိ စစ်ကောင်စီတဖြစ်လဲ မြန်မာ့တပ်မတော်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပီးသည်ကို လက်မခံခသောကြောင့် ဤသည်ကိုအကြောင်းပြပြီး ၎င်းရို့၏ ရမယ်ရှာတိုက်ခိုက်ခြင်း ကိုခံခရသည်။ ကိုးကန့်၊ အထူးဒေသ (၁) အဖွဲ့အစည်းအနီဖြင့် မိမိလူမျိုးအချင်းချင်း မတိုက်ခိုက်လိုသည့် အပြင် ပြည်သူကို ငဲ့ညှာသောကြောင့် ၎င်းဒေသအား ခေတ္တစွန့်ခွာခသည်မှာ အဂုဆိုလျှင် (၁၄) နှစ်နီးပါးဟိခပြီးဖြစ်သည်။” ဟု ဆိုသည်။
သျှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) အဖွဲ့အစည်းသည် ငြိမ်းချမ်းရီး၊ အမျိုးသားတန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင် ခွင့်ရဟိရီး၊ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံး စစ်အာဏာသျှင်စနစ် လက်အောက်မှ လွတ်မြောက်ရီး၊ စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရီး စသည့်နိုင်ငံရီး ရည်မှန်းချက်ရို့ကို တစိုက်မတ်မတ်စွဲကိုင်ပြီး အမျိုးသားလွတ်မြောက်ရီးအတွက်တိုက်ပွဲဝင်နီသောFPNCC(ပြည်ထောင်စုနိုင်ငံရီး ဆွေးနွေးညှိနှိုင်းရီးကော်မတီ) အဖွဲ့ဝင်ဖြစ်ကြောင်းလေ့ သဝဏ်လွှာတွင်ဖော်ပြထားသည်။
ယင်းအပြင် “လက်ဟိအချိန်တွင် MNTJP ဥက္ကဋ္ဌအဖြစ် ဦးဖုန်တာရွှင်မှ ဦးဆောင်ပြီး ၎င်းရို့ခေတ္တစွန့်ခွာခသော မူလဘူတ ကိုးကန့်နယ်မြီကို MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည်ရဟိရီး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရီး၊နိုင်ငံရီး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရီးရို့အတွက် ဘဝတူညီနောင်မဟာမိတ်များနန့်လက် တွဲ၍လည်းကောင်း၊ နွေဦးတော်လှန်ရီးထဲမှ ပေါက်ဖွားလာသော စစ်အာဏာသျှင်စနစ်အား တိုက်ထုတ်နီကတ်သည့် တော်လှန်ရီးအဖွဲ့အစည်းများနန့်လည်း ကောင်း၊ ဘုံရည်မှန်းချက်တူညီပြီး စုပေါင်းလုပ် ဆောင်၍ရသော အဖွဲ့အစည်းများ၊ပြည်သူ့ယုံကြည်မှု၊ ထောက်ခံမှုရဟိထား သောအဖွဲ့အစည်းများနန့် လည်းကောင်း ဟန်ချက်ညီ တိုက်ပွဲဝင်လျက်ဟိသော အဖွဲ့အစည်းဖြစ်သည်။” ဟုလေ့ PSLF/ TNLA နန့် ULA/AA ရို့က ဆိုသည်။
PSLF/TNLA နန့်ULA/AA ရို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့အနီနန့်လေ့ စစ်ရီး၊ နိုင်ငံရီး မဟာမိတ်ဖြစ်သည့် အလျောက် ကိုးကန့်ဒေသ MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည် ရဟိရီးလုပ်ငန်းများအပြင် ဘုံစစ်ရီး၊ နိုင်ငံရီး ရည်မှန် ချက်များကို အကောင်အထည် ဖော်ဆောင်သည့်နီရာများတွင် ညီနောင်မဟာမိတ်စိတ်ဓာတ် အပြည့်ဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်လားမည်ဖြစ်ပြီးMNDAA/MNTJP ၏ စစ်ရီး၊ နိုင်ငံရီးရည်မှန်းချက်များ၊ ကိုးကန့် လူမျိုးများမျှော်လင့်နီသော မျှော်မှန်းချက်များ အယင်ဆုံး အကောင်အထည် ပေါ်နိုင်ပါစီ ကြောင်းဆုမွန်ကောင်း တောင်းကြောင်းလေ့ ဒေနိတွက်ကျရောက်သော (၃၄) နှစ်မြောက် MNDAA တပ်မတော်နိ အခမ်းအနားသို့ ပီးပို့သည့် PSLF/TNLA နန့်ULA/AA ရို့၏ ဂုဏ်ပြု သဝဏ်လွှာတွင် ဖော်ပြပါဟိပါသည်။