
APM ၊ မာ့ချ် ၁၁ / ၂၀၂၃
အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ်ရီးအပါအဝင် စိန်ခေါ်မှုများကို မျှဝီဖြေယှင်းနိုင်ရန် နှစ်နိုင်ငံကာကွယ်ရီးနန့် လုံခြုံရီးပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရီးတိုးမြှင့်လုပ်ဆောင်ရန် အိန္ဒိယနန့် ဩစတြေးလျ ဝန်ကြီးချုပ်ရို့ သဘောတူခကတ်ကြောင်း သိရသည်။
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘာနီးစ်၏ အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာခရီးစဉ်အတွင်း အိန္ဒယဝန်ကြီးချုပ် နရင်ဒရာမိုဒီနန့် တွိဆုံပြီးနောက် မာ့ချ် ၁၀ ရက်နိ သတင်းစာယှင်းလင်းပွဲတွင် ဝန်ကြီးချုပ် အယ်ဘာနီးစ်က ယင်းသို့ ပြောကြားခခြင်းဖြစ်သည်။
အယ်ဘာနီးစ်က နှစ်နိုင်ငံဆက်ဆံရီးတွင် ထောက်ပံ့ပို့ဆောင်ရီး၊ သတင်းအချက်အလက်ဖလှယ်ရီး၊ စစ်ရီးလေ့ကျင့်မှုများနန့် သိပ္ပံနန့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရီးကဏ္ဍများတွင် တိုးမြှင်လုပ်ဆောင်ရန် သဘောတူခ ကတ်သည်ဟု ဆိုသည်။
ယင်းအပြင် ရာသီဥတုနန့် စွမ်းအင် အထူးသဖြင့် နီရောင်ခြည်နန့် ဟိုက်ဒရို ဂျင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ညီခကတ်ကြောင်းလေ့ ဝန်ကြီးချုပ် အယ်ဘာနီးစ်က သတင်းစာယှင်းလင်းပွဲတွင် ဆက်လက်ပြောကြားခသည်။
၂၀၂၁- ၂၀၂၂ ခုနှစ်တွင် ဩစတြေးလျသို့ အိန္ဒိယ၏ပို့ကုန်စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၈.၃ ဘီလီယံဟိပြီး သြစတေးလျမှ အိန္ဒိယသို့ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံဟိကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု သုတေသနစာတမ်းအရ သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ဩစတြေးလျနိုင်ငံ၏ နဝမမြောက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ခပြီး လာမည့်ငါးနှစ်အတွင်း ကုန်သွယ်မှုနှစ်ဆတိုးရန်မျှော်လင့်ထားကြောင်း သိဟိရသည်။
Source – Australia aims to bolster security, economic ties with India
Photo – AP
