APM ၊ မာ့ချ် ၁၁ / ၂၀၂၃
ရက္ခိုင်ပြည်၊ မြို့နယ်အသီးသီးဟိ ကုန်စည်စီးဆင်းရာလမ်းကြောင်းများနန့် ဒေသခံပြည်သူများ အဓိကထား အသုံးပြုလားလာနီ ကတ်သည့် ကုန်းလမ်း၊ ရီလမ်းများတွင် မြန်မာစစ်တပ်မှ စစ်ဆီးရီးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာစစ်ဆီးမှုများတင်းကျပ် ထားဆဲ ဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ ၎င်းရို့ပိတ်ထားခသည့် ကုန်း လမ်း၊ ရီလမ်းများကို ပြန်ဖွင့်ပီးခကေလေ့ ယင်းလမ်းကြောင်းများ၌ မြန်မာစစ်တပ်မှ စစ်ဆီးရီးဂိတ်များ တိုးချဲ့ ဖွင့်လှစ်ကာ တင်းတင်းကျပ်ကျပ်စစ်စီး နီခြင်းဖြစ်သည်။
ယင်းသို့ စစ်ဆီးမှုများ တင်းကျပ်ထားသည့်အတွက် မြို့နယ်အသီးသီးဟိ ဒေသခံပြည်သူများမှာ ခရီးလားလာရီး၌ ကြန့်ကြာမှုများ ဟိနီသည့်အပြင် အရေးပေါ်ကျန်းမာရီးကိစ္စများ၌လေ့ အချိန်ကြန့်ကြာကာ အခက်အခဲများဖြစ်နီကတ်ရကြောင်း ဒေသ ခံများက ပြောသည်။
ယင်းအပြင် ရက္ခိုင်ပြည်တွင်းသို့ အိမ်ဆောက်ပစ္စည်း၊ ဆီးဝါးနန့် စိုက်ပျိုးရီးလုပ်ငန်းသုံး ပစ္စည်းများသယ်ယူခွင့်ကိုလေ့ စစ်ကောင်စီမှ ဆက်လက်ကန့်သတ်ထားသိမ့်သည်ဟုဆိုသည်။
တချို့စစ်ဆီးရီးဂိတ်များတွင် ကုန်ပစ္စည်းများကို နယ်လုံလက်မှတ်နန့် သယ်ယူခွင့်ပြုကေလေ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက အနိုင်ကျင့်ခြိမ်းခြောက်ကာ ငွေကြေးအတင်းအဓမ္မကောက်ခံမှုများလေ့ ဟိကြောင်း သိရသည်။
ပြီးခသည့် တကျော့ပြန်တိုက်ပွဲကာလက မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်အတွင်းသို့ ကုန်စည်းစီးဆင်းရီး လမ်းကြောင်းများနန့် တခြား ကုန်းလမ်း၊ ရီးလမ်းများကို ၃ လနီးပါးပိတ်ဆို့ထားခပြီး အပစ်ရပ်ပြီးနောက်ပိုင်း အများစုကိုပြန်ဖွင့်ပီးထားကာ တချို့လမ်းများကိုတော့ လက်ဟိအချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း သိဟိရသည်။
Photo – DMG