
APM ၊ မာ့ချ် ၁၁ / ၂၀၂၃
စပိန်ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း ဟိုဆေးမာရီယာ အင်ရီကက်ဇ် နီဂရီရာအား လာဘ်ထိုးမှုနန့် ပတ်သက်၍ ဘာစီလိုနာအသင်းကို ပြည်နယ်အစိုးရရှိနီရုံးက မာ့ချ် ၁၀ ရက်နိ၌ တရားစွဲလိုက်ကြောင်း သိရသည်။
စွဲချက်တွင် နီဂရီရာ ပိုင်ဆိုင်သော ကုမ္ပဏီ နှစ်ခုဖြစ်သည့် DASNIL နန့် NILSAT ရို့အား ဘာစီလိုနာအသင်းမှ ယူရို ၇.၄ သန်း လာဘ်ထိုးခသည်ဟု စွပ်စွဲထားသည်။
ဒိုင်များကို ဆုံးဖြတ်ချက်ချမှတ်ရာတွင် မျက်နှာသာပီးစီမည့် လုပ်ရပ်များလုပ်ဆောင်ရန် ဘာစီလိုနာဖက်မှ ငွေကြေးဖြင့် လဲလှယ်မှုလုပ်ခကြောင်း စပိန်အစိုးရ ရှိနီက စွပ်စွဲထားသည်။
ဘာစီလိုနာအသင်းအနီနန့် ပြစ်မှုထင်ရှားပါက ကြီးမားသည့် ဘဏ္ဍာရီး ပြစ်ဒဏ်များနန့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ အသင်းဥက္ကဋ္ဌဟောင်းဖြစ်သည့် ဆန်ဒရိုရိုဆဲလ်၊ ဂျိုးဆက်ဘာတိုမြူ၊ ဒါရိုက်တာဟောင်း အော်စကာဂရူနန့် အဲလ်ဘာ့ဆိုလိုရို့ပါ ထောင်ဒဏ် ၄ နှစ်စီကျခံရမည်ဟု သိရသည်။
လက်ဟိတွင် ယင်းကိစ္စနန့်ပတ်သက်၍ သက်သီအထောက်အထားများကို တရားရုံးက စုံစမ်းစစ်ဆီးလားမည်ဟု သိရှိရသည်။
Source – Barcelona are charged with corruption over payments of £7.4m made to former vice-president of Spain’s referees’ committee Jose Maria Enriquez Negreira
Photo – CNN.com
