APM ၊ မာ့ချ် ၁၁ / ၂၀၂၃
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ကုန်ခသည့် ဂျန်နဝါရီနန့် ဖေဖော်ဝါရီ ၂ လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၁၀၀ ကျော်ဖမ်းဆီးထားသည်ဟု ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရီးအဖွဲ့ (KHRW) က မာ့ချ် ၁၀ ရက်နိတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်းမှ အရပ်သားပြည်သူ ၁၀၀ ကျော်ဖမ်းဆီးထားပြီး ပြန်လည်လွှတ်ပီး ခြင်းမဟိသိမ့်ကြောင်း၊ စားနပ်ရိက္ခာနန့် စက်သုံးဆီသယ်ယူပို့ဆောင်ရီးကို တားဆီးပိတ်ပင်ထားသည့်အတွက် ပြည်သူများအခက်အခဲ ကြုံနီရကြောင်း ဆိုသည်။
အလားတူ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၂၀ ရက်နိမှ စ၍ ဒေနိအချိန်ထိ ဖားကန့်တွင် အင်တာနက်ဖြတ်တောက်ခံထားရ ကာ အရပ်သားပြည်သူများ၏အခြီခံလူ့အခွင့်အရေးများဆက်လက်ချိုးဖောက်ခံနီရကြောင်းလေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် စစ်ကောင်စီမှ မတရားဖမ်းဆီးချုပ်နှောင်ထားသော အရပ်သားပြည်သူများကို ခြွင်းချက်မဟိ အယင် ဆုံးလွှတ်ပီးရန်၊ မတရားဖမ်းဆီးခြင်းများကို ချက်ချင်းရပ်တန့်ပီးရန်နန့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြမ်းဖက် စစ်ကောင်စီကိုအယင်ဆုံး အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။
Photo – KHRW