APM ၊ ဖေဖော်ဝါရီ ၁၁ /၂ဝ၂၃
ပုဏ္ဏားကျွန်းတွင် ဒေနိဖေဖော်ဝါရီ ၁၁ ရက်နိ မိုးထက ဘုန်းကြီးကျောင်းဝန်းထဲမီးလောင်မှုဖြစ်ပွားခပြီး အသက် ၇၀ ကျော်အရွယ် ဆရာတော်ကြီးတပါး မီးလောင်ကာ ပျံလွန်လားကြောင်း သတင်းရဟိသည်။
မီးလောင်မှုဖြစ်ခသည့် ဘုန်ကြီးကျောင်းမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ဟိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဖြစ်ပြီး မီးလောင် ပျံလွန်တော်မူလားသည့် ဆရာတော်ကြီးမှာ အသျှင် ပဏ္ဍဝ(သက်တော် ၇၂ နှစ်) ဖြစ်သည်။
ဆရာတော်ကြီး အသျှင်ပဏ္ဍဝမှာ ခန္ဓာကိုယ်ညာဖက်ခြမ်းလီဖြန်းထားခြင်းဖြစ်ပြီး၊ ဒေနိမိုးထ ၉ နာရီခန့်က ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းဟိ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းထားသည့် သံဃာဆောင်တခုတွင် တပါးတည်း ဟိနီချိန်၌ ယင်းအဆောင်နား မီးဖိုမှ မီးကြွင်းမီးကျန်ကနီ မီးလောင်မှုဖြစ်ပွား ခခြင်းဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် ဆရာတော်ကြီးမှာ နီရာမှမထနိုင်ဘဲ မီးထဲပါလားကာ ပျံလွန်တော်မူလားခခြင်းဖြစ်သည်။
ဆရာတော်ကြီး အသျှင်ပဏ္ဍဝသည် ကျောက်တော်မြို့နယ်၊ သာဒါဆိပ်ရွာ ဇာတိဖြစ်ပြီး ယင်းဓမ္မမဏ္ဍိုင် ဘုန်းကြီး ကျောင်း၌ နီထိုင်လာသည်မှာ ၆ နှစ်ခန့်ဟိပြီးဖြစ်ကြောင်း သိဟိရပါသည်။