
APM ၊ ဖေဖော်ဝါရီ ၁၁ / ၂၀၂၃
ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနီနန့် မန်စီးတီးအသင်းကို ဘဏ္ဍာရီးစည်းမျဉ်းချိုးဖောက်မှုဖြင့် စွဲချက်တင်ထားကေလေ့ အသင်းအနီနန့် “အပြစ်ကင်းစင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း” မန်စီးတီးနည်းပြ ဂွါတီယီုလာ က ဖေဖော်ဝါ ရီ ၁၀ ရက်နိပြုလုပ်သည့် သတင်းစာယှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ပရီးမီးယားလိဂ်သည် မန်စီးတီးအသင်းကို လေးနှစ်ကြာစုံစမ်းစစ်ဆီးခပြီးနောက် ၉ နှစ်တာကာလအတွင်း ဘဏ္ဍာရီး စည်းမျဉ်း ၁၀၀ ကျော် အထိချိုးဖောက်ခသည်ဟု စွပ်စွဲကာ၊ ပြီးခသည့် ဖေဖော်ဝါရီ ၆ ရက်နိက တရားစွဲဆိုခပြီး အမှုကို လွတ်လပ်သော ကော်မသျှင်အဖွဲ့သို့ လွှဲပြောင်းပီးထားကြောင်း သိရသည်။
မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက “ကျနော့်အသင်းအနီနန့် အပြစ်ကင်းဖို့ဆိုစွာကို ယုံကြည်ပါရေ။ အပြစ်ဟိကြောင်း သက်သီမပြမချင်း လူတိုင်းကအပြစ်ကင်းပါရေ။ ဒေကိစ္စနန့်ပတ်သက်လို့ ဇာတိဆက်ဖြစ်ဖို့လဲ ဆိုစွာကိုတော့ခါ မသိပါ။ ယေကေလေ့ကျနော်ရို့မှာ ရှိနီကောင်းတိဟိပါရေ” ဟု ဆိုသည်။
မန်စီးတီးအသင်းသည် ၂၀၂၂ ခုနှစ်အတွင်းကလေ့ UEFA ၏ဘဏ္ဍာရီးမျှတသော ကဇတ်နည်း စည်းမျဉ်းများကို ချိုးဖောက်ခသည်ဟုဆိုကာ ဥရောပပြိုင်ပွဲမှ ၂ နှစ်အထိပိတ်ပင်လိုက်ခြင်းကို အားကဇတ်ခုံသမာဓိရုံး (CAS) က ပယ်ချပီးခသည့် အတွက် ဒဏ်ငွေဆောင်မှုဖြင့် အမှုပြီးစီလားခြင်းဖြစ်ကြောင်းသိဟိရသည်။
Source – Coach Guardiola said that he believes in the innocence of the club’s red command, which has been charged with financial violations.
Photo – Sky Sport
