
APM ၊ ဖေဖော်ဝါရီ ၁၁ / ၂၀၂၃
ချဲလ်ဆီးအသင်းသည် ဘရာဇီးလက်ရွီးစင် သီယာဂိုဆေးလ်ဗားနန့် ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း တရားဝင် ကြေညာလိုက်သည်။
အသက် ၃၈ နှစ်အရွယ် သီယာဂိုဆေးလ်ဗားသည် ၂၀၂၀ ခုနှစ်တွင် PSG အသင်းမှ ချဲလ်ဆီးအသင်းသို့ အလွတ်ပြောင်းရွှိကြေးဖြင့် ရောက်ဟိလာပြီး လာမည့်ဂျုန်လတွင် အသင်းနန့်စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
ဆေးလ်ဗားသည် အသင်းတွင် ခြီစွမ်းကောင်းများ ပြသနီသည့်အတွက် အသင်း၌ဆက်ထိန်းထားရန် ချဲလ်ဆီးဖက်မှ နောက်ထပ် ၁ နှစ် စာချုပ်သက်တမ်း တိုးလိုက်ခြင်းဖြစ်သည်။
“ချဲလ်ဆီးအသင်းမှာ ဆက်ကဇတ်ခွင့်ရစွာက ကျနော့်အတွက် အံ့ဩစရာပါ။ ကျနော်အသင်းသို့ စရောက်ခါက တနှစ်ရာ ကဇတ်ဖို့အစီစဉ်ဟိခစွာပါ။ ဒေဂုပိုင် မထင်မှတ်ဘဲ ချဲယ်ဆီးအသင်းမှာ ၄ နှစ်အထိ ကဇတ်ခွင့်ရဖို့ဖြစ်လို့ ဝမ်းသာပါရေ” ဟု သီယာဂိုဆေးလ်ဗားက ဆိုသည်။
ဆေးလ်ဗားသည် ချဲလ်ဆီးအသင်းသို့ စရောက်သည့် ပထမနှစ်တွင် ချန်ပီယံလိဂ်ဖလားရယူနိုင်အောင် ကူညီပီးထားပြီး အသင်းအတွက် ၂၄ ပွဲအထိ ပါဝင်ကဇတ်ပီးထားသည်။
Source -Thiago Silva: Brazil defender extends his stay at Chelsea until summer of 2024
Photo – ESPN
