APM ၊ ဒီဇမ်ဘာ ၁၁ / ၂၀၂၄
မောင်တောမြို့၏ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅) စခန်းကို ဒီဇမ်ဘာ ၈ ရက်နိ၊ မိုးထပိုင်းမာ အပြီးသတ်သိမ်းပိုက်ခပြီးနောက်၊ မောင်တောဒေသတခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဒီဇမ်ဘာ ၁၀ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း “မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတခုအဖြစ် ကျန်ဟိနီသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇမ်ဘာလ(၈) ရက်နိ၊ မိုးထ (၉) နာရီ (၃၀) မိနစ်အချိန်၌ အာရက္ခတပ်တော်မှ အပြီးသတ် ခြီမှုန်းတိုက်ခိုက်နိုင်ခသောကြောင့် ဒေဂုဆိုလျှင် မောင်တော ဒေသတခုလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခပြီးဖြစ်သည်” လို့ဖော်ပြထားပါရေ။
ယေကေလေ့ နခခ(၅) ထဲက ထွက်ဗြီး လွတ်မြောက်နီရေ ရန်သူတချို့ဟိနီသိမ့်ပြီးကေ သူရို့ကို အာရက္ခတပ်တော် က လိုက်လံရှာဖွီလို့ဟိရေလို့ သိရပါရေ။
အာရက္ခတပ်တော်အနီနန့် အာရက္ခဒေသအတွင်းက ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိ၊ ဘင်္ဂလာဒေ့ချ်- အာရက္ခနယ်စပ်ဟိစခန်းတိအားလုံးကို တခုမကျန် သိမ်းပိုက်နိုင်ရယူနိုင်ဖို့အတွက် ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကစတင်ပြီးကေ၊ ရန်သူ့စခန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်မှုတိ စတင်ပြုလုပ်ခရေလို့ ဆိုပါရေ။
မောင်တောမြို့ဟိ အကြမ်းဖက်စစ်ကောင်စီ၏ “ချိန်ခါလီ၊ ဒုံးပိုက်”စခန်းတိနန့် ရသေ့တောင်၊မင်းပြားမြို့ဟိ အကြမ်းဖက်စစ်ကောင်စီစခန်းတိကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခရေတိကစလို့ ဒေနိအချိန်ထိတနှစ်ကျော်ကာလအတွင်းမာ အာရက္ခဒေသနန့် ပလက်ဝဒေသအတွင်းဟိ အကြမ်းဖက်စစ်ကောင်စီစခန်းအများစုကို အာရက္ခတပ်တော်က သိမ်းပိုက် ရယူထားရေပိုင်၊ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်အနီနန့် အာရက္ခပြည်သူတရပ်လုံး မျှော်မှန်းထားရေ ရည်မှန်းချက်တိကို အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် ရပ်တန့်ခြင်းမဟိရေ ထိုးစစ်တိကို ဆက်လို့ဆင်နွှဲလျက်ဟိရေလို့ ဆိုပါရေ။
တဆက်တည်းမာ သိမ်းပိုက်ရယူဖို့ကျန်ဟိနီသိမ့်ရေ အမ်း၊ တောင်ကုတ်၊ ဂွမြို့ရို့က ဖက်ဆစ်စစ်ကောင်စီစခန်းတိကိုလည်း တခုပြီးတခုထိုးစစ်ဆင်တိုက်ခိုက် လျက်ဟိကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားချက်အရ သိဟိရပါရေ။