
APM ၊ ဒီဇမ်ဘာ ၁၁/၂၀၂၃
ဘူးသီးတောင်မြို့နယ်၊ သစ်တောရွာအနားမာ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ ဒီဇမ်ဘာ ၁၀ ရက်နိက ထိတွိတိုက်ပွဲ ဖြစ်ပွားခရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒီဇမ်ဘာ ၁၀ ရက်နိ၊ ညည့် ၁၁ နာရီ၊ မိနစ် ၃၀ အချိန် ထုတ်ပြန် လိုက်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ “ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊သစ်တောရွာအနားတွင် ရက္ခိုင့်တပ်တော် သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့်ထိတွိတိုက်ပွဲဖြစ်ပွားခသည်” လို့ ဖော်ပြထားပါရေ။
ညီနောင်သုံးဖော်၏ ယင်းထုတ်ပြန်ချက်ထဲမာ အဆိုပါထိတွိတိုက်ပွဲနန့်ပတ်သက်လို့ အသေးစိတ် ဖော်ပြထားစွာကို မတွိရပါ။
ယေကေလေ့ APM ၏မြီပြင်စုံစမ်းချက်အရ ဒီဇမ်ဘာ ၁၀ ရက်နိ၊နိခင်း ၁၂ နာရီ လောက်မာ ဘူးသီးတောင်မြို့နယ်၊ သစ်တောရွာအနား တောင်ကုန်းထက်က ဆင်းလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် AA တပ်ဖွဲ့ဝင်တိအကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခရေလို့ သိရပါရေ။
ယပြီးကေရက္ခိုင့်တပ်တော်စွာ ဒီဇမ်ဘာ ၁၀ရက်နိ ပေါက်တောမြို့ထဲမာ ကျန်ဟိနီရေ ရန်သူ စစ်ကောင်စီ အကြွင်း အကျန်တိကို ဆက်လက်ယှင်းလင်းနီကြောင်း၊ ယင်းပိုင်ယှင်းလင်းရေခါ ပေါက်တောမြို့က အရပ်သား ပြည်သူရို့ကို ဓားစာခံနန့်လူသားဒိုင်းကာအဖြစ် ဖမ်းဆီး၊သတ်ဖြတ် ခရေ ရန်သူ့တပ်ဖွဲ့ဝင် တချို့ကို သုတ်သင်နိုင်ခကြောင်း၊ ဒေနိလည်း စစ်ကောင်စီနေဗီက ပေါက်တောမြို့နန့်အနားတဝိုက်ရပ်ရွာတိကိုယမ်းကားပစ်ခတ်တိုက်ခိုက်ခကြောင်း ဖော်ပြထားပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၀ ရက်နိမာ စစ်ကောင်စီစွာရက္ခိုင်ပြည်၊ မင်းပြား၊ စစ်တွေ၊ ပုဏ္ဏားကျွန်း မြို့တိအနားက ရပ် ရွာတိကို လက်နက်ကြီးတိနန့်အဆက်မပြတ်ပစ်ခတ်တိုက် ခိုက်ခရာ လက်နက်ကြီးကျည်ထိမှန်လို့ မင်းပြားမြို့၊ဥက္ကာ ပျံရပ်ကွက်က အသက် ၁၃ နှစ်အရွယ်အချေတယောက် သီဆုံးလားခရေပိုင် ဒေသခံ ၈ယောက်လည်းထိခိုက်ဒဏ် ရာရလားခကြောင်း၊ စစ်ကောင်စီစွာ စစ်တွေမြို့၊ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းသုံးပနာ ဗုံးကြဲတိုက်ခိုက်ရာ ဝါဘိုကျေးရွာက အသက် ၁၂ နှစ်အရွယ် အချေတယောက်ထိခိုက် ဒဏ်ရာရလားပြီးကေ လူနီအိမ်တဆောင်လည်း ပျက်စီးခရရေပိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာသစ်အတွင်းသို့ လက်နက်ကြီးနန့် ပစ်လို့ လူနီအိမ်တိ ပျက်စီခရကြောင်းကိုလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ထုတ်ပြန်ချက်အရ ဒီဇမ်ဘာ ၁၀ရက်နိ၊ မွန်းလွဲ ၃နာရီ၊မိနစ် ၂၀ မာ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာဟိ စစ်ကောင်စီ ၏ “ကဒိုင်းဖူးတောင်တပ်စခန်း”ကို တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ခပြီးကေ ယင်းနိ မိုးထ ၁၀ နာရီ၊ မိနစ်
၂၀ မာ ကွတ်ခိုင်မြို့နယ်ဟိ စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း” ၊ ညဇာ ၄ နာရီ ၁၆ မိနစ် အချိန်မာ မန်တုံမြို့နယ်ဟိ စစ်ကောင်စီ၏ ခလရ (၁၃၀) တပ်စခန်းတိကို TNLAက တိုက်ခိုက်ခရေလို့ သိရပါရေ။
အလားတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း ဒီဇမ် ဘာ ၁၀ ရက်နိမာ လောက်ကိုင်ဒေသတွင်း ရန်သူ့စစ်စခန်းတိက ထွက်ဗြီးပြီးကေ အရပ်သားပြည်သူတိကို လိုက်လံတိုက်ခိုက်နီရေ ရန်သူ့တပ်ဖွဲ့ဝင်တိနန့်ပြည်သူ့စစ်အဖွဲ့ဝင်တိကို ဆက်လက်ရှာဖွီ တိုက်ခိုက်နီခပါရေ။
တချိန်တည်းမာ ညီနောင်မဟာမိတ်(၃)ဖွဲ့ပူးပေါင်းတပ်ဖွဲ့တိကလည်း မူဆယ်မြို့ နယ်ဟိ စစ်ကောင်စီ၏ “၁၀၅ မိုင်တပ်စခန်း”ကို ဒီဇမ်ဘာ ၁၀ ရက်နိ၊မွန်းလွဲ ၃ နာရီ မိနစ် ၃၀ အချိန် တိုက်ခိုက်ခပြီးကေ စစ်ကောင်စီဖက်က Mi35 ရ ဟတ်ယာဥ်နန့်(၁)ကြိမ် ပစ်ကူလာပီးခရေပိုင်၊ နမ့်ခမ်းမြို့ နယ် “စခန်းသစ်ကုန်း”ဖက်မာလည်း စစ်ကောင်စီတပ်က Mi35 နန့် (၆)ကြိမ် လာရောက်ပစ်ကူပီးတိုက်ခိုက်ခရေလို့ သိရပါရေ။
၁၀၂၇ စစ်ဆင်ရီး(၄၅) ရက်မြောက်နိမာလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့စွာ ၎င်းရို့သတ်မှတ်ထားရေ စစ်ဆင်ရီးပစ် မှတ်တိကို ဆက်လက်ချေမှုန်းတိုက်ခိုက်နီရေပိုင်၊ တိုက် ပွဲအတွင်း အသာတကြည် လက်နက်ချ အညံ့ခံလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင် တိနန့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိကိုလည်း စစ်သုံ့ပန်း စံနှုန်းစံထားအရ အသက်ချမ်းသာပီးပနာ လိုရာခရီးသို့ လုံခြုံစွာ ပို့ဆောင်ပီးလျက်ဟိပါကြောင်း ညီ နောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
