APM ၊ ဒီဇမ်ဘာ ၁၁ / ၂၀၃၃
ရက္ခိုင်ပြည်အနှံ့ပြည်သူလုထုရို့၏ အသက်အိုးအိမ်စည်းစိမ်ရို့ကို နည်းလမ်းမျိုးစုံနန့် အကြမ်းဖက်မှု ကျူး လွန် နီရေ အကြမ်းဖက်စစ်ကောင်စီ၏ ကျွန်ပညာရီးစနစ်ကို အလိုမဟိကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒေနိ(ဒီဇမ်ဘာ ၁၁ ရက်နိ) သဘောထားထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း” ၂၀၂၃ ခုနှစ် နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီရို့ ဖြစ်ပွားနီရေ တိုက်ပွဲအတွင်း တိုက်ပွဲနန့်မသက်ဆိုင်ရေ ရက္ခိုင်ပြည် သူလုထုရို့၏အသက်အိုးအိမ်စည်းစိမ်ရို့ကို နည်းလမ်းမျိုးစုံနန့် အ ကြမ်းဖက်မှု ကျူးလွန်နီရေ အကြမ်းစစ်ကောင်စီ၏ ပညာရီးဌာနက ဖွင့်လှစ်လိုက်တေ အဆင့်မြင့်ပညာရီးကျောင်းတိ၊ အခြီခံပညာရီးကျောင်းတိနန့် တခြားအသက်မွီးဝမ်းကြောင်းကျောင်းတိက ပို့ချရေ“ဖက်ဆစ် ကျွန်ပညာရီး စနစ်ကို အလိုမဟိကြောင်း” ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်အတွင်းဖွင့်ထားရေ အကြမ်းဖက်စစ်ကောင်စီ၏ပညာရီးဌာနလက်အောက်ခံကျောင်းတိနန့် တက္ကသိုလ်၊ ဒီဂရီကောလိပ်တိစွာ စစ်ကောင်စီကို ရက္ခိုင်ပြည်သူလူထုက ထောက်ခံသယောင်ယောင်နန့် စစ်ရာဇဝတ် ကျူးလွန်မှုတိကို အာရုံစိုက်မှုလျှော့ချနိုင်ဖို့ စစ်ကောင်စီက သက်ဆိုင်ရာကျောင်းတိကို လျှို့ဝှက်ကြေးနန်းနန့် အပြင်းအထန် ညွှန်ကြားလျက်ဟိရေလို့ ဆိုပါရေ။
အလားတူ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်စရေ မြို့နယ်တိမာလည်း စစ်ကောင်စီ၏ အဆင့်မြင့်ပညာရီးကျောင်းတိနန့် အခြီခံပညာရီးကျောင်းတိစွာ ကျောင်းသား၊ ကျောင်းသူတိကို နည်းလမ်းမျိုးစုံနန့်အကျပ်ကိုင်စည်းရုံးလို့ဟိပြီးကေ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနီနန့် ယင်းအခြေအနီကို စောင့်ကြည့် မှတ်တမ်းတင်လျက်ဟိရေလို့လည်း ဆိုပါရေ။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနီနန့် ရက္ခိတလမ်းစဉ်အတိုင်း လျှောက်လှမ်းချီတက်လားဖို့ဖြစ် ကြောင်းနန့် ဖက်ဆစ်အစိုးရနန့် သက်ဆိုင်ရေ အထက်ဖော်ပြပါ ကျောင်းတိကိုကျောင်းမတက် သပိတ်မှောက် ကြောင်းလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၏ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။