APM ၊ ဒီဇမ်ဘာ ၁၁ / ၂၀၂၃
ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချပနာ ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပီးနီခရေ စစ်ကောင်စီ၏ “နှုံးဘူးဗျူဟာ” ကို ဒီဇမ်ဘာ ၁၀ ရက်နိ၊ ညည့် ၁၁ နာရီ ၄၅ မိနစ်မာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခကြောင်း ရက္ခိုင့်တပ်တော် (AA) က ဒေနိ ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “အပြီးသတ်သိမ်းပိုက်ရန် ကျန်ဟိနီသိမ့်သော “နှုံးဘူးဗျူဟာ” အား ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာလ (၁၀) ရက်နိ၊ ညည့် (၁၁) နာရီ (၄၅) မိနစ်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခသည်။ နိုဗမ်ဘာ ၁၄ ရက်၊ မိုးထ ၉ နာရီ ၂၅ မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခပြီး ထိုးစစ်(၂၇) ရက် မြောက်အကြာတွင် ဗျူဟာကုန်းတခုလုံးအား သိမ်းပိုက်ရ ယူနိုင်ခခြင်းဖြစ်သည်” လို့ ဖော်ပြထားပါရေ။
ရက္ခိုင့်တပ်တော်၏ တရက်မျှရပ်နားခခြင်းမဟိရေ ထိုးစစ်ကို စစ်ကောင်စီစွာ လက်နက်ကြီးတိ၊ လီကြောင်းပစ်ကူ အမြောက်အမြားနန့်အပြင်းအထန် ခုခံခကေလေ့ ၎င်းဗျူဟာကုန်းစခန်းကို မရရအောင် အပြင်းအထန်တိုက်ခိုက်ခပြီးနောက် ရယူနိုင်ခစွာဖြစ်ပြီးကေ “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ယင်းအပြင် တပိုင်းတစ သိမ်းပိုက်ဖို့ကျန်ဟိနီသိမ့်ရေစခန်းတိကိုလည်းဆက်လက် သိမ်းပိုက်ရယူနိုင်ရီးအတွက် တိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီခရေလို့ သိရပါရေ။
“နှုံးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွီး၊ ချွေးများစွာ ရင်းနှီးပီးဆပ်ခရရေ အာရက္ခစစ်သည်တော် တိနန့် ရဲရင့်ပြောင်မြောက်စွာ တိုက် ပွဲဝင်ခကတ်တေ အာရက္ခစစ်သည်တော်တိအားလုံးကို လေးနက်စွာဂုဏ်ပြုမှတ် တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ရက္ခိုင့်တပ်တော် AA စွာ ပလက်ဝမြို့နယ်အတွင်းဟိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားရေ ဗျူဟာကုန်း (၂) ခု ဖြစ်တေ “တရွန်အိုင်ဗျူဟာ” နန့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးကို နိုဗမ်ဘာ ၁၄ ရက်နိကပင် ရှိဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက် ခိုက် ခပြီးကေ ” တရွန်အိုင်ဗျူဟာ” ကုန်းတခုလုံးကိုတော့ ထိုးစစ်(၂၁) ရက်အကြာ၊ ဒီဇဗ်ဘာ ၄ ရက်နိမာ ၌အပြီးသတ် သိမ်းပိုက်ရယူနိုင်ခပါရေ။
ပေါက်တော မြို့တွင်း တိုက်ပွဲကတော့ အယင်ရက်တိနည်းတူ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ဟိရေလို့ ဆိုပါရေ။
အခြားတဖက်မာ ထွက်ဗြီးလွတ်မြောက်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိထဲကတချို့ လာရောက်တိုက်ခိုက်တေအတွက် နီရာတချို့မာ ရင်ဆိုင်ထိတွိတိုက်ပွဲချေတိဆက်လက်ဖြစ်ပွားနီသိမ့်ရေလို့ သိရပါရေ။
အယင်ရက်တိနည်းတူ ဒေနိညဇာ ၆ နာရီ ၁၀ မိနစ်လောက်မာလည်း အမ်းမြို့နယ်အတွင်းဟိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ “တောဟိန်းတောင်”ဗျူဟာက အမ်းမြို့ နယ်၊ တဲဖျားရွာအနားသို့လည်းကောင်း၊ ညဇာ ၇ နာရီ ၅၆ မိနစ်အချိန်မာ အမ်းမြို့နယ်၊ဒလက်ချောင်းအတွင်းဟိ ရန်သူ၏စခန်းကုန်းတခုက အမ်းမြို့နယ်၊ သက်ချောင်းဘုရားအနောက်တောင်ဖက်တောင်တန်းဟိ ရက္ခိုင့်တပ်တော်၊တပ်ဖွဲ့ဝင်တိဟိရေ နီရာသို့လည်းကောင်း လက်နက်ကြီးတိနန့်ပစ်ခတ်တိုက်ခိုက်ခကြောင်း ရက္ခိုင့်တပ် တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။