
APM ၊ ဒီဇမ်ဘာ ၁၁ / ၂၀၂၃
ပြီးခရေ ဒီဇမ်ဘာ ၅ ရက်နိ၊ မွန်းလွဲပိုင်းက င/ပြီကျွန်းအနားမာ တန့်ထားရေ စစ်ကောင်စီ နေဗီက စစ်ကောင်စီတပ်ဖွဲ့ဝင်တိ စွာ ပေါက်တောမြို့နယ်၊ မနော်သီရိရွာကို လက်နက်ကြီးနန့်ပစ်ပနာ ရွာကိုမီးတိုက်ခပြီးနောက် ရွာသားနှစ်ယောက်ကိုပါ ဖမ်းခေါ်လား ခပါရေ။
စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုခံခရလူနှစ်ယောက်စွာ ပေါက်တောမြို့နယ်၊မနော်သီရိရွာက ဦးဘထွန်း(၅၆နှစ်)နန့် ဦးဇော်မတက် (၃၀နှစ်) ရို့ ဖြစ်ကတ်ပါရေ။
ဖြစ်စဉ်မာ “ဒီဇမ်ဘာ ၅ ရက်နိ၊ မွန်းလွဲ ၂ နာရီကျော် အချိန်လောက်က င/ပြီကျွန်းအနား ရပ်တန့်ထားရေ စစ်ကောင်စီနေဗီစွာ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာကို ရွယ်ရည်ချက်ဟိဟိ လက်နက်ကြီးတိနန့်ပစ်ခတ်ခပါရေ။ စစ်ကောင်စီနေဗီက မနော်သီရိရွာကို လက်နက်ကြီးနန့် ပစ်ခတ်ခပြီးရေနောက်မာ ကမ်းကပ်လာရေ ဇက်သင်္ဘောက စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ လောက်စွာ ကျေးရွာအတွင်းဝင်ရောက်ပြီးကေ မနော်သီရိရွာဟိ လူနီအိမ်တိကို မီးတိုက်ခကတ်ပါရေ။ ယင်းနောက် ရွာမာတွိရေ ဦးဘထွန်းနန့်ဦးဇော်မတက် ရို့နှစ်ယောက်ကို နေဗီထက်သို့ဆွဲတင်ပနာ အတင်းအဓမ္မ ဖမ်းယူလားခကြောင်း မျက်မြင်ရွာသားတိက ပြောပါရေ။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဦးဘထွန်း နန့် ဦးဇော်မတက်ရို့ကို လူမဆန်စွာ ရိုက်နှက်နှိပ်စက်ပနာ မနော်သီရိရွာကို မီးတိုက်စွာရေ သူရို့ စစ်ကောင်စီလုပ်စွာမဟုတ်။ရက္ခိုင့်တပ်တော်က လုပ်စွာရာလို့ မဟုတ်မမှန် လုပ်ကြံပြောဆိုခိုင်းခကြောင်း၊ မပြောပါက တဆွေလုံး တမျိုးလုံးကို သတ်ပစ်ဖို့လို့ ခြိမ်းခြောက်ကြောင်း နာမည်မဖော်လိုရေ ခိုင်မာသော သတင်းရင်းမြစ်က ပြောပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်ရို့၏ လူမဆန်စွာ ဝိုင်းဝန်းသတ်ပုတ် နှိပ်စက်မှု၊ နည်းလမ်းပေါင်းစုံနန့် ညှည်းဆဲခြိမ်းခြောက် အကျပ်ကိုင်မှုတိကြောင့် ဦးဘထွန်းနန့် ဦးဇော်မတက်ရို့ နှစ်ယောက်စွာ စစ်ကောင်စီအလိုကျ ထွက်ဆိုပီးခရကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောပါရေ။
ယင်းပိုင် စစ်ကောင်စီက အတင်းအကျပ်ဖိအားပီးပြီး ခိုင်းစီမှုကြောင့် ရလာရေ မဟုတ်မမှန် လိမ်ဝါထွက်ချက်တိကို ဗွီဒီယိုရိုက်ကူးပနာ စစ်ကောင်စီက အများပြည်သူရို့ အထင်လွဲအောင် သူရို့၏ဝါဒဖြန့် လော်ဘီပေ့ချ်တိမာဖြန့်ချီခပါရေ။
ယင်းလုပ်ကြံလီဆယ် ဝါဒဖြန့်ရုပ်သံဖိုင်မာလည်း ဦးဘထွန်းနန့် ဦးဇော်မတက်ရို့၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နီရေ မျက်နှာတိကို မမြင်ရအောင် ရုပ်သံတည်း ဖြတ်မှုအကြိမ်ကြိမ်လုပ်နာ မျက်နှာတိကို ဖုံးအုပ်ထားပြီးကေ၊ ဦးဇော်မတက် နာမည်ကိုလည်း နာမည်ရင်းကို မဖော်ပြဘဲ မောင်ထွန်းကျော်လင်း ဆိုပနာ နာမည်လွှဲနန့် ဖော်ပြထားစွာတွိရပါရေ။
လက်ဟိမာတော့ သူရို့နှစ်ယောက်ကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းမာထိန်းသိမ်းထားရေလို့ သတင်းရင်းမြစ်က ပြောပါရေ။
စစ်ကောင်စီစွာ စစ်ရီး၊ နိုင်ငံရီး ထွက်ပေါက်တိ ပိတ်ပနာ ၎င်းရို့ကျူးလွန်ထားရေ လုပ်ရပ်အမှားတိနန့် ဘေးကျပ်နံကျပ်၊ လမ်းမရဖြစ်တိုင်း ၎င်းရို့၏ လူမဆန်ရေအမှားတိကို ဖာထီးဖို့အကြံနန့် အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းဆီးပြီး၊ အောက်တန်းကျစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် လိဟိပါရေ။
ရက္ခိုင်ပြည်မာလည်း ရက္ခိုင့်တပ်တော်နန့် ရင်ဆိုင်တိုက်ပွဲတိမာ ကျဆုံးခြင်းများစွာနန့် အဆိုးဝါးဆုံး ရင်ဆိုင်နီရရေ စစ်ကောင်စီတပ်စွာ စစ်ဖက်နန့် မသက်ဆိုင်ရေ မြို့ရွာတိ၊ လူနီအိမ်တိကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်ခတ်ခြင်း၊ ဂျက်တိုက် လီယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းတိနန့် ဗုံးကြဲတိုက်ခိုက်ခြင်း၊အပြစ်မဲ့အရပ်သားပြည်သူတိကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းစရေ စစ်ရာဇဝတ်မှုပေါင်းမြောက်မြားစွာကို လက်ရဲဇက်ရဲကျူးလွန်ခ၊ ကျူးလွန်နီပါရေ။
စစ်ကောင်စီအနီနန့်သူရို့ကိုယ်တိုင် ထင်ထင်ရှားရှား ကျူးလွန်ထားရေ စစ်ရာဇဝတ်မှုတိကိုယှောင်လွှဲလိုရေ စိတ်ကူးယဉ်မှုနန့်အတူ သူရို့လုပ်ထားရေအပြစ်တိကို ရက္ခိုင့်တပ်တော်ထက်သို့ထိုးချဖို့စိတ်ကူးနန့်သူရဲဘောကြောင်စွာဖြင့် အပြစ်မဲ့ပြည်သူတိကို မတရားဖမ်းပြီးကေ မဟုတ်မမှန် ခြိမ်းခြောက် ထွက်ဆို လုပ်ကြံဖန်တီးပနာ၎င်းရို့၏ စက် ဆုပ်ပလီ ဝါဒဖြန့်လော်ဘီပေ့ချ်တိ ဖြစ်တေ ရခိုင့်နေ့စဉ်၊ ”Antiterrorismteam ofrakhine”၊ ”မေယုဌာနေ” ”မေယုသစ္စာ၊ ဒွါရာဝတီမီဒီယာ”၊ Weatern 24 News”၊ ”ခေတ်သစ် ရောင်ခြည်”၊ ကျော်စွာ၊ မင်းချစ်ဦး အစဟိရေ ပေ့ချ်တိထက်မာ တင်ပနာ အာသာဖြေနီကတ်ကြောင်းသိရပါရေ။

