APM၊ နိုဗမ်ဘာ ၁၁ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်တေဆိုပျာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နန့်တရားစွဲခံထားရရေ ထွေအုပ်ဝန်ထမ်းတယောက်အပါအဝင် သံတွဲဒေသခံ ၄ ယောက်အမှု အယင်ဆုံး အပြီးသတ်အမိန့်ချပီးဖို့ မိသားစုဝင်တိ လိုလားနီကတ်ပါရေ။
ပုဒ်မ ၁၇ (၁)နန့်တရားစွဲထားခံရလူတိမာ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရီးဦးစီးဌာနက အကြီးတန်းစာရီး ဦးဝင်းမောင်မောင်ဖြိုး၊ သံတွဲမြို့နယ်က ဦးစိန်သောင်း၊ ဦးဝင်းမောင်နန့် ဦးခင်မောင်အေးရို့ဖြစ်ကတ်ပါရေ။
သူရို့အမှုမာ ကုန်ခရေ ဖေဖော်ဝါရီလကပင် လိုပြသက်သီတိအားလုံးကို စစ်ဆီးပြီးလို့ အပြီးသတ်အမိန့်ချဖို့ရာကျန်နီပြီးကေ လက်ဟိ ၁၀ လကျော်ကြာလာကေလေ့ အမှုအပြီးမသတ်နိုင်သိမ့်ဘဲ ရုံးချိန်းရာ အကြိမ်ကြိမ် အရွှိခံနီရရေလို့ မိသားစုဝင်တိက ပြောပါရေ။
နိုဗမ်ဘာ ၉ ရက်နိက သံတွဲမြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ အကြောင်းပြချက်မည်မည်ရရမဟိဘဲ နိုဗမ်ဘာ၂၃ ရက်နိ ရုံးချိန်းထပ်ရွှိခံလိုက်ရရေလို့ ဆိုပါရေ။
အဂုပိုင် ရုံးချိန်းအရွှိခံနီရလို့ စွပ်စွဲခံရသူအမှုသည်တိနန့် မိသားစုဝင်တိမာ အဖက်ဖက်က နစ်နာနီကတ်ရေအတွက် အမှုကို အယင်ဆုံး အပြီးသတ်ပီးဖို့ မိသားစုဝင်တိက လိုလားနီကတ်ပါရေ။
ဦးဝင်းမောင်မောင်ဖြိုးကိုကုန်ခရေ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နိမာ ငပလီမြို့အခြီစိုက် စစ်ကောင်စီတပ် ခလရ(၅၅)တပ်ရင်းတပ်ဖွဲ့ဝင်တိက ဖမ်းယူလားခစွာဖြစ်ပြီးကေ ဦးစိန်သောင်း၊ ဦးဝင်းမောင်နန့် ဦးခင်မောင်အေးရို့တော့ ၂၀၂၂ ခုနှစ် နိုဗမ်ဘာလမာ သူရို့နီအိမ်တိအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ဖမ်းလားခစွာပါ။
ယင်းအထဲ ဦးဝင်းမောင်မောင်ဖြိုးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် အတူ မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)ရို့နန့်ပါ စစ်ကောင်စီတပ်က တရားစွဲခစွာဖြစ်ပါရေ။
ပုဒ်မ ၅၀၅ (က) အမှုကိုတော့ ၂၀၂၃ ခုနှစ်၊ ဂျူလိုင် ၇ ရက်နိမာ သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခပြီးကေ လက်ဟိမာ ဦးဝင်းမောင်မောင်ဖြိုးစွာ ပုဒ်မ ၁၇ (၁)နန့် တရားရင်ဆိုင်နီရပနာ အပြီးသတ်အမိန့်ချဖို့ရာ ကျန်နီစွာလို့ သိဟိရပါရေ။