
APM ၊ နိုဗမ်ဘာ ၁၁ / ၂၀၂၃
11.11(တစ်လေးလုံး)စစ်ဆင်ရီးစတင်ရေ ဒေနိ(နိုဗမ်ဘာ ၁၁ ရက်နိ)ပထမနိမာ စစ်ကောင်စီ၏ တိုက်လီယာဉ်တစီးကို ပစ်ချနိုင်ခကြောင်း ကရင်နီပြည် တော်လှန်ရီးတပ်ပေါင်းစုံအဖွဲ့တိဖြစ်တေ KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ Loikaw PDF၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ ဖရူဆို PDF၊ မြို့ပြပျောက်ကျားတပ် နန့် သျှမ်းတောင် PDF ရို့က ပူးတွဲ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လီယာဉ်တစီးကို မိမိရို့ KNDF-B01 နန့် KA ရို့က ပွိုင့်ဖိုက်(.5)တိနန့် တန်ပြန်ပစ်ခတ်နိုင်ခရာ လီယာဉ်အတောင်ပံ နန့် ကိုယ်ထည်ပိုင်းကို ကျည်ဆံထိမှန်ခပနာ မီးခိုး အများအပြား ထွက်လို့ ပြန်လှည့်လားခပြီးကေ စစ်မြီပြင်နန့် အဝီးတနီရာမာ ပျက်ကျခပါရေ။ အဆိုပါလီယာဉ်အတွင်း ပါဝင်သူနှစ်ယောက်ကို နှစ်ဖက်တပ်တိလိုက်လံရှာဖွီနီပါရေ လို့ ဖော်ပြထားပါရေ။
အလားတူ ကရင်နီပြည် တော်လှန်းရီူတပ်ပေါင်းစုံအဖွဲတိစွာ ဒေနိတရက်တည်းမာပင် စစ်ကောင်စီတပ်တိ နှစ်ကာလအင်တန်ကြာ တပ်စွဲအထိုင်ချထားရေ ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နန့်ချိကယ် စရေ စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခရေလို့ ဆိုပါရေ။
ကရင်နီပြည်၊ တော်လှန်ရီးတပ်ပေါင်းစုံအဖွဲ့တိဖြစ်ကတ်တေ KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ Loikaw PDF၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ ဖရူဆို PDF၊ မြို့ပြပျောက်ကျားတပ်နန့် သျှမ်းတောင် PDF ရို့ပူးပေါက်ပြီးကေ ဒီးမောဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ဟိ စစ်ကောင်စီ တပ်စခန်းတိအပါအဝင် မိုးဗြဲမြို့ နန့် လွိုင်ကော်မြို့နယ် အတွင်းဟိ စစ်ကောင်စီတပ်စခန်းတိ 11.11(တစ်လေးလုံး) စစ်ဆင်ရီးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နီပါရေ။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရီးကောင်စီ(IEC) ကလည်း စစ်ဆင်ရီးဇုန်အတွင်းပါဝင်နီရေ ဒေသခံပြည်သူတိအနီနန့် ပိုမိုဖီးကင်းလုံခြုံရေ နီရာတိသို့ ရွိပြောင်းဖို့လိုအပ်လာနိုင်ရေလို့ ဒေနိညဇာက ထုတ်ပြန်ကြေညာ ထားပါရေ။

