
APM၊ နိုဗမ်ဘာ ၁၁ / ၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၁ ရက်နိ)မိုးထ ၅ နာရီကစလို့ 1111(တစ်လေးလုံး)စစ်ဆင်ရီးမာ ကရင်နီပြည်က တပ်ပေါင်းစုတိနန့် မဟာမိတ်အဖွဲ့တိ ပူးပေါင်းဖော်ဆောင်နီရေလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရီးကောင်စီ(IEC) က အသိပီးကြေညာပါရေ။
ကြေညာချက်မာ “၂ဝ၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၁ ရက်၊ မိုးထ ၅ နာရီကစလို့ ကရင်နီပြည်အတွင်း စစ်အာဏာသျှင်ချုပ်ငြိမ်းရီး လှုပ်ယှားမှုအစိတ်အပိုင်းတခုအဖြစ် 1111 (တစ်လေးလုံး) စစ်ဆင်ရီးကို ကရင်နီပြည်အတွင်းဟိ တပ်ပေါင်းစုတိနန့် မဟာမိတ်အဖွဲ့တိက ပူးပေါင်း ဖော်ဆောင်နီပါရေ လို့ ဖော်ပြထားပါရေ။
စစ်အာဏာသျှင်နန့် အာဏာသျှင်မှန်သမျှ ချုပ်ငြိမ်းရီးကို ဦးတည်ပနာ အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရီးယန္တရားတိ အလုံးစုံ ပြိုလဲပျက်စီးရီးရည်မှန်းချက်နန့် စစ်ဆင်ရီးဖော်ဆောင်စွာလို့လည်း IEC က ဆိုပါရေ။
ယင်းကြောင့် စစ်ဆင်ရီးအရ လွိုင်ကော်မြို့အနားတဝိုက်နန့်ဆက်စပ် ရပ်ကွက်/ကျေးရွာအုပ်စုတိဖြစ်ကတ်တေ ချိကယ်ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာအုပ်စု၊နိုးကိုးကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာအုပ်စုနန့် ကုန်းသာကျေးရွာအုပ်စုရို့အပြင် မိုးဗြဲမြို့ရို့မာလည်း တိုက်ပွဲတိ ပိုပြင်းထန်လာနိုင်ပိုင် လွိုင်ကော်မြို့အနားတဝိုက်စွာ စစ်ဇုန်အဖြစ်သို့ ပြောင်းလဲလားနိုင်ရေအတွက် ပြည်သူတိအနေနန့် ပိုမိုဖီးကင်းလုံခြုံရေ နီရာတိသို့ ရွိပြောင်းဖို့လိုအပ်လာနိုင်ရေလို့လည်း ကြေညာချက်မာ ဖော်ပြထားပါရေ။
ယင်းအပြင် တနိုင်တပိုင် စားနပ်ရိက္ခာတိနန့်ဆီးဝါးတိပြင်ဆင်ထားပြီးကေ ဖီးကင်းလုံခြုံရေအရပ်ဒေသတိမာ ပြောင်းရွိခိုလှုံနိုင်ရီး အဆင်သင့်လုပ်ထားကတ်ဖို့ တိုက်တွန်းအကြံပြုကြောင်း၊ လတ်တလော ပြောင်းရွိဖို့အခက်အခဲဟိနီရေ ပြည်သူတိအနီနန့် ပြင်ပသို့လားလာလှုပ်ယှားမှု မလုပ်ကတ်ဖို့နန့် နီအိမ်အတွင်း အကာအကွယ်ဟိရေ နီရာတိမာရာ လုံခြုံရီးသတိနန့် နီထိုင်ကတိဖို့ IECကအကြံပြုထားပါရေ။
စစ်ဆင်ရီး အခြေအနီနန့် ပတ်သက်လို့ သိအပ်တေ သတင်းအချက်အလက်တိကို သက်ဆိုင်ရာ စစ်ဆင်ရီးတာဝန်ဟိလူတိက အချိန်နန့်တဗြီးညီ ထုတ်ပြန်ပီးဖို့ဖြစ်တေပိုင် ပြည်သူတိ ဖီးကင်းလုံခြုံစွာ ပြောင်းရွိနိုင်ရီးအတွက်လည်း သက်ဆိုင်ရာ တပ်ပေါင်းစုတိ၊မဟာမိတ်အဖွဲ့တိနန့် ညှိနှိုင်း စီစဉ်ဆောင်ရွက်လားဖို့လိုလည်း IEC ၏ ကြေညာချက်မာ ဖော်ပြထားပါရေ။
