
တစ်လေးလုံး(၁၁၁၁) လူထုလှုပ်ယှားမှုမာ ပါဝင်နီကတ်တေ ပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်း ညီနောင်(၃)ဖွဲ့ ဆို
APM၊ နိုဗမ်ဘာ ၁၁/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီးနန့်တတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရီးဆင်နွှဲနီရေ ကရင်နီပူးပေါင်းအဖွဲ့စွာ ဒေနိ(နိုဗမ်ဘာ ၁၁ ရက်နိ) ကရင်နီပြည် စစ်ကောင်စီတပ်စခန်း ၇ ခုကို သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လိုက်ပြီးကေ၊ ပြည်သူ့စည်းလုံးညီညွတ်မှုပြယုဂ်တခုအဖြစ် တစ်လေးလုံး(၁၁၁၁) လူထုလှုပ်ယှားမှုမာ ပါဝင်ကတ်တေ ပြည်သူ လူထုကို အထူးကျေးဇူးတင်ပါကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ထုတ်ပြန်ချက်အရ “၁၀၂၇ စစ်ဆင်ရီးနန့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရီးဆင်နွှဲနီရေကရင်နီအမျိုးသားကာကွယ်ရီးတပ် (KNDF) နန့် မဟာမိတ် တပ်ဖွဲ့ဝင်တိပါဝင်ရေ ပူးပေါင်းအဖွဲ့တိစွာ ကရင်နီပြည်၏မြို့တော် လွိင်ကော်အနားပတ်ဝန်းကျင်ဟိ စစ်ကောင်စီစခန်းတိကို ဒေနိ၊ မိုးထ ၆ နာရီ ၃၀ မိနစ်လောက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခရာ လောလောဆယ် လွိင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနန့် နန်းစံခမ်းရို့ဟိ စစ်ကောင်စီစခန်း ၇ ခုကို သိမ်းပိုက်ထားပြီးကေ တခြား စခန်းတိကို ထပ်မံသိမ်းပိုက်နိုင်ရီးအတွက် ဆက်လက်တိုက်ပွဲဝင်နီရေ လို့ ဆိုပါရေ။
ယင်းအပြင် စစ်ဆင်ရီး (၁၆) ရက်မြောက်နိမာ ၁၀၂၇ စစ်ဆင်ရီးကို အားပီးထောက်ခံကတ်တေပြည်သူလူထုတိဖက်ကလည်း ဒေနိမာ တစ်လေးလုံးလူထုလှုပ်ယှားမှုနန့် ဖော်ပြကတ်ပြီးကေ စစ်အာဏာသျှင်စနစ် အမြစ်ပြတ်ရီးအတွက် တဖက်တလမ်းက ပါဝင်ဆင်နွှဲနီကတ်တေလို့ ဖော်ပြထားပါရေ။
အဆိုပါ တစ်လေးလုံး လှုပ်ယှားမှုရေ ၁၀၂၇ စစ်ဆင်ရီးနန့်တတူ ဟန်ချက်ညီလှုပ်ယှားမှုတခုဖြစ်ခပြီးကေ သွီးလန့်နီရေ စစ်ကောင်စီ၏ သက်ဆိုးရှည်နီစွာကို အဆုံးသတ်ဖို့ ဆောက်ရွက်နီကတ်တေ လူထုလှုပ်ယှားမှုတိထဲက ထိရောက်တေ လှုပ်ယှားမှုတခုအဖြစ်မှတ်ယူ ရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုပါရေ။
ပြည်သူ့စည်းလုံးညီညွတ်မှုပြယုဂ်တခုအဖြစ် အဆိုပါ တစ်လေးလုံးလှုပ်ယှားမှုမာ ပါဝင်ခကတ်တေ ပြည်သူလူထုတိကို ညီနောင်မဟာမိတ် (၃)ဖွဲ့က များစွာကျေး ဇူးတင်ကြောင်းနန့် ဆက်လက်၍လည်း ၁၀၂၇ စစ်ဆင်ရီးနန့် ပြည်သူလူထု တရပ်လုံး၏ တော်လှန်ရီးအောင်မြင်ရေအထိ အားကြိုးမာန်တက် မရပ်မနား ဆက်လက်ဆောင်ရွက် ကတ်လားဖို့ အလေးအနက် တိုက်တွန်းထားပါရေ။
လက်ဟိမာ ကိုးကန့်နန့် တအာင်းဒေသတိအတွင်း စစ်ကောင်စီနန့် ညီနောင်မဟာမိတ်အဖွဲ့ရို့အကြား တိုက်ပွဲတိ ဆက်လက် ဖြစ်ပွားနီပြီးကေ ညီနောင် (၃) ဖွဲ့ သိမ်းပိုက်ထားရေ စစ်ကောင်စီ၏ စခန်းကုန်းတိကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနီကေလေ့ မြီပြင်မာ ထိရောက်မှုမဟိစွာကြောင့် လီကြောင်းတိုက်ခိုက်မှုနန့်ရာ အဓိကထား တိုက်ခိုက်နီရေလို့ ဆိုပါရေ။
အထူးသဖြင့် ကွမ်းလုံ၊ လောက်ကိုင်နန့် နောင်ချိုဒေသဖက်မာ စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှုတိရေ တရက်အတွင်း အနည်းဆုံးအကြိမ် (၂၀) ထက်မကဟိခပြီးကေ တချို့ရက်တိမာ “ကွမ်းလုံမြို့” တနီရာတည်းမာပင် တရက်အတွင်း လီကြောင်း ပစ်ခတ်မှု အကြိမ် (၉၀) နီးပါးအထိဟိခကြောင်းလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
