![](https://arakanprincess.media/wp-content/uploads/2023/10/photo_2023-10-11_21-42-59-1024x1022.jpg)
APM ၊ အောက်တိုဘာ ၁၁ / ၂၀၂၃
မြန်မာစစ်တပ်က ကချင်ပြည်၊ လိုင်ဇာအနား မုန်လိုင်ခတ်ဟိ AA တပ်စခန်းတိကိုလက်နက် ကြီးနန့် ပစ်ခတ်နီမှုနန့်ပတ်သက်လို့ APM က ရက္ခိုင့်တပ်တော်၏သဘောထားကို မိန်းမြန်းရေခါ “မြန်မာစစ်တပ်အနီနန့် AA တပ်စခန်းတိကို တိုက်ခိုက်နီခြင်းစွာ တိုက်ပွဲပြန်ဖြစ်တေအခြေအနီသို့အထိ ဦးတည်လားနိုင်ရေ”လို့ AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ဒေနိ(အောက်တိုဘာ ၁၁ ရက်နိ)မာ ပြောဆိုလိုက်ပါရေ။
ဦးခိုင်သုခက “ဒေကိစ္စနန့်ပတ်သက်လို့ ကျနော်ရို့ အယင်လည်းအကြိမ်ကြိမ်ပြောဖူးပါရေ။ ULA/AA တပ်စခန်းတိကို မြန်မာစစ်တပ်က ရက်ရက်စက်စက်၊ ရည်ရွယ်ချက်ဟိဟိ ဦးတည်ပစ်ခတ်နီစွာတိရေ ဒေပိုင်ဖြစ်စဉ်တိများလာကေတော့ခါ တဖက်နန့်တဖက် ယုံကြည်မှုတိပျက်ပြားပြီးကေ တင်းမာမှုတိပိုပြီးကေ မြင့်တက်လာစီနိုင်ရေ ကိစ္စတိဖြစ်တေ။ ဥပမာ ပြောရဖို့ဆိုကေတော့ ကုန်ခရေ ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲတိဖြစ်ခစွာလည်း ဒေပိုင်လုပ်ရပ်တိကြောင့်ဖြစ်ပါရေ။ ပြောရကေ KNU/KNLA တပ်မဟာ(၅) ဧရိယာမာဟိရေ ကျနော်ရို့ ရက္ခိုင်တပ်တော် တပ်စခန်းကို မြန်မာစစ်တပ်က ဂျက်လီယာဉ်နှစ်စီးနန့် ဗုံးကြဲတိုက်ခိုက်ခရေ ဖြစ်စဉ်နောက်ပိုင်းမာ ကျနော်ရို့ဖက်က ရဲဖော် ၆ ယောက်ကိုကျဆုံးပြီးကေ ဒဏ်ရာရလူတချို့လည်း ဟိခပါရေ။ ဆိုကေ ယင်းနောက်ပိုင်းမာ တဖက်နန့်တဖက် တင်းမာမှုတိပိုမြင့်တက်လာပြီးကေ တိုက်ပွဲပြန်ဖြစ်တေ အခြေအနီတိကို ဆိုက်ရောက်လားခရေ။ ဒေဂုလည်း ဒေပိုင်မျိုး ULA/AA တပ်စခန်းတိကို ဒေပိုင်မျိုး ဦးတည်ပြီးကေ နိတိုင်းနိတိုင်း လက်နက်ကြီးတိနန့် ပစ်ခတ်နီစွာတိရေ တဖက်နန့်တဖက် ရဟိပြီးသား ယုံကြည်မှုတိကို ပျက်စီးစီရေအပြင် ဒေချင့်ကတဆင့် တင်းမာမှုတိကို ပိုမြင့်တက်လာစီရေ။ ဆိုကေ တင်းမာမှုတိမြင့်တက်လာကေ နောက်ဆုံးတိုက်ပွဲပြန်ဖြစ်တေအခြေအနီသို့အထိ ဦးတည်မလားလို့ မပြောနိုင်အခြေအနီမျိုးဖြစ်ပါရေ လို့ ဆိုပါရေ။
အောက်တိုဘာ ၉ ရက်နိ ညည့် ၁၁ နာရီခွဲအချိန် မြန်မာစစ်တပ်၏ ကချင်ပြည်၊ မုန်လိုင်ခတ် ပစ်ခတ်တိုက်ခိုက်မှုမာ ရက္ခိုင့်တပ်တော် AA က တပ်ဖွဲ့ဝင်တယောက်ကျဆုံးခရပြီးကေ ၁၀ ယောက်ဒဏ်ရာရလားပါရေ။
အလားတူ ယင်းပစ်ခတ်မှုအတွင်း မုန်လိုင်ခတ်ဟိ စစ်ဖီးယှောင်စခန်းကိုလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခလို့ စစ်ဖီးယှောင်အချေသူငယ်တိနန့် အမျိုးသမီးတိအပါအဝင်လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံ လိုက်သီဆုံးခရပါသိမ့်ရေ။
ပြီးခရေ စပ်တမ်ဘာ ၂၈ ရက်နိကလည်း ခါယာတောင်မာတပ်စွဲထားရေ မြန်မာစစ်တပ်စစ်စခန်းက လက်နက်ကြီးနန့်ပစ်လို့ AA အရာဟိတယောက်ကျဆုံးခပနာ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရဟိခရပါရေ။
AA ပါဝင်ရေ ညီနောင်မဟာမိတ် (၃) ဖွဲ့ကတော့ မြန်မာစစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သီးဆုံးလားခရရေ အပြစ်မဲ့ကချင်ပြည်သူတိအတွက် မိသားစုနန့်ထပ်တူဝမ်းနည်းကြကွဲရပိုင်၊ အသက်ပီးလားခရလူတိ တရားမျှတမှုရဟိရီးအတွက် ကချင်ပြည်သူလူထု၊ KIO/KIA နန့်အတူ တသွီးတသားတည်းဟိကြောင်းအောက်တိုဘာ ၁၀ ရက်နိထုတ်ပြန်ထားပါရေ။
![](https://arakanprincess.media/wp-content/uploads/2023/10/photo_2023-10-11_21-42-59-1024x1022.jpg)