APM၊ အောက်တိုဘာ ၁၁/၂၀၂၂
အောက်တိုဘာ ၁၀ရက်နိညဇာဖက်၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်မှ မူဆလင်တယောက်ကို စစ်ကောင် စီ၏ကျောက်နီမော် (၃၂)ရဲတပ်ရင်းက ပစ်ခတ်သတ် ဖြတ်လိုက်ကြောင်း သတင်းရဟိသည်။
ပစ်သတ်ခံရသူမှာ ကျောက်နီမော်တိုက်နယ်၊ ချိန်တောင်ခြီရင်းတောင်ပိုင်း ရပ်ကွက်မှ ဦးနေဇာဗီယာ (၅၆နှစ်) ဖြစ်ပြီး၊ အောက်တိုဘာ ၁၀ ရက်နိ၊ ညဇာ ၇ နာရီအချိန် ကျောက်နီမော် (၃၂) ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား ၁၀ ယောက် ခန့်က သီနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ယင်းသို့ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဦးနေဇာဗီယာ၏နောက်ကုန်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရဟိလားကာ နီရာ၌ပင် ပွဲချင်းပြီးသီဆုံးလားကြောင်းသိရသည်။
လက်ဟိတွင် ဦးနေဇာဗီယာ၏ ရုပ်အလောင်းကိုကျောက် နီမော်တိုက်နယ်ဆီးရုံ(ရင်ခွဲရုံ)သို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့်စောင့်ကြပ်လျက်ဟိကာ တယောက်ကိုလေ့ ဝင်ရောက်ကြည့်ရှုခွင့်မပီးကြောင်း သိရသည်။
ရမ်းဗြဲ၊ ကျောက်နီမော်မှ မူဆလင်တယောက်ကို စစ်ကောင်စီ ပစ်သတ်
APM၊ အောက်တိုဘာ ၁၁/၂၀၂၂
