APM ၊ အောက်တိုဘာ ၁၁/၂၀၂၂
တောင်ကုတ်တွင် အောက်တိုဘာ ၁၀ ရက်နိကလေ့ ရာအိမ်မှူးတယောက်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၄ ယောက် ကို စစ်ကောင်စီတပ်က ထပ်ဖမ်းလားခပြန်ကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူ ၄ ယောက်မှာတောင်ကုတ်မြို့နယ်၊ မိုး ထိတိုက်နယ်၊မှန်နီရွာမှ ရာအိမ်မှူးဦးကိုကြီး(၃၆နှစ်)၊ ဦးဇော်ဌေး (၅၂နှစ်) ဦးခင်လှ(၅၂နှစ်) နန့် ကြိုးကြာကွင်းရွာမှ ဦးဝင်းနိုင် (၄၀နှစ်)ရို့ ဖြစ်ကတ်သည်။
ဦးကိုကြီး နန့် ဦးဇော်ဌေးရို့ကို အောက်တိုဘာ ၁၀ ရက်နိ ညဇာ ၄ နာရီခန့်က ၎င်းရို့နီထိုင်သည့် မှန်နီရွာမှ တောင်ကုတ်မြို့ ထက်သို့ ဈီးဝယ်လာရာတွင် တောင်ကုတ်မြို့မတိုက်နယ်ဟိ စစ်ကောင်စီတပ်၏ ဘုရားကိုးဆူစစ်ဆီးရီးဂိတ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
ဦးခင်လှကို အောက်တိုဘာ ၁၀ ရက်နိ ညည့် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ခန့်မှ ၎င်း၏ နီအိမ်အတွင်းသို့စီးနင်း ဝင်ရောက်ကာ ဖမ်းဆီးခပြီး၊ ဦးဝင်းနိုင်ကိုလေ့ ယင်းနိ ညည့် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ယောက်ခန့်ကနီအိမ်၌ဖမ်းဆီး ခခြင်းဖြစ်သည်။
ကုန်ခသည့် စက်တမ်ဘာ ၆ ရက်နိမှ အောက်တိုဘာ ၁၀ ရက်နိအထိ တောင်ကုတ်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ၂၀ထက်မနည်းဟိလာနီကြောင်း လေ့ သိဟိရသည်။
(Zawgyi)
ရာအိမ်မှူးတယောက် အပါအဝင် တောင်ကုတ်မှ အပြစ်မဲ့ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ် ထပ်ဖမ်းပြန်
APM ၊ အောက်တိုဘာ ၁၁/၂၀၂၂