
APM၊ ဂျန်နဝါရီ ၁၁ / ၂၀၂၄
ဂျန်နဝါရီ ၁၁ ရက်နိ၊ နိခင်းမာ စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်တေလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ မင်းပြားမြို့က နီအိမ်တချို့ မီးလောင်နီကြောင်း သိရပါရေ။
ဂျန်နဝါရီ ၁၀ ရက်နိ၊ မိုးထ ၆ နာရီလောက်ကပင်စလို့ လက်ဟိအချိန် စစ်ကောင်စီတပ်စွာ မင်းပြားမြို့ကို ဂျက်တိုက်လီယာဉ်၊ Mi – 35 စစ်ရဟတ်ယာဉ် နန့် စစ်သင်္ဘောနေဗီတိပါ အသုံးပြုပြီးကေ ဗုံးကြဲတိုက်ခိုက်နီပါရေ။
ဂျန်နဝါရီ ၁၁ ရက်နိ၊ နိခင်း ၂ နာရီခွဲလောက်မာ စစ်ကောင်စီနေဗီက ပစ်လိုက်တေ လက်နက်ကြီးကျည်တိစွာ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မာ ကျရောက်ပေါက်ကွဲခလို့ ယင်းရပ်ကွက်က နီအိမ်တချို့မီးလောင်နီရေလို့ သိရပါရေ။
ယင်းအပြင် ယင်းနေဗီက စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ လက်ဟိမာ မင်းပြားမြို့ထက်သို့ ဝင်ရောက်ပြီးကေ နီအိမ်တိကို မီးတိုက်ဖို့ပျင်တိကတ်တေလို့လည်း သိဟိရပါရေ။
ဂျန်နဝါရီ ၁၀ ရက်နိကလည်း စစ်ကောင်စီ၏ မင်းပြားအခြီစိုက်တပ်ရင်းတိဖြစ်တေ ခမရ (၃၇၉)၊ ခမရ(၃၈၀)နန့် ခမရ(၅၄၁) ရို့ကနီ ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မင်းပြားဈီးကြီး မီးလောင်လားခရပါသိမ့်ရေ။

