
APM ၊ ဂျန်နဝါရီ ၁၁ / ၂၀၂၂
အိန္ဒိယ-မြန်မာနယ်စပ်ဟိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဒေနိ ဂျန်နဝါရီ ၁၁ ရက်နိ ညဇာပိုင်းက စစ် ကောင်စီတပ်မှ တိုက်လီယာဉ်များနန့် ဒုတိယအကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခကြောင်း သိရသည်။
ဒေနိညဇာ ၅ နာရီ ခန့်၌ စစ်ကောင်စီတပ်သည် CNF ဌာနချုပ်ကို တိုက်လီယာဉ်သုံးစီးနန့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက် ခပြီး၊ လတ်တလောတွင် ထိခိုက်ဒဏ်ရာရမှုများကို အတည်မပြုနိုင်သိမ့်ဘဲ လူနီအိမ်အများအပြား ပျက်စီးလားခ ကြောင်း CDF-Dai ၏ ပြောခွင့်ရ ကိုအိုက်ဘက်စ်က သတင်းမီဒီယာများသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုကြောင့် နီးစပ်ရာကျေးရွာများမှ လူနာများအား ဆီးကုသပီးနီသည့် ပြင်ပလူနာဆောင်များပါ ပျက် စီးလားခကြောင်းလေ့ CNF သတင်းများကို ဖော်ပြနီသည့် Chinland information Center က ဓာတ်ပုံများနန့်တကွ ဖော်ပြထားသည်။
လွန်ခသည့် ဂျန်နဝါရီ ၁၀ ရက်နိ၊ ညဇာ ၄ နာရီခန့်ကလေ့ စစ်ကောင်စီတပ်သည် တိုက်လီယာဉ်များနန့် CNF ဌာန ချုပ်ကို ဗုံးကြဲတိုက်ခိုက်ခပြီး၊ ယင်းသို့ တိုက်ခိုက်မှုအတွင်း ချင်းအမျိုးသားတပ်မတော် CNA စစ်သည် ၅ ယောက် ကျဆုံး၍ ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခသည်ဟု သတင်းများက ဆိုသည်။ Photo – Chinland information Center



