
APM ၊ ဂျန်နဝါရီ ၁၁ / ၂၀၂၃
မန်ယူအနီနန့် ဘန်လေအသင်းမှ တူရကီကလပ် Basiktas အသင်းမှာ အငှားလားရောက် ကဇတ်နီသော နယ်သာ လန်တိုက်စစ်မှူး ဝက်ဟော့စ်ကို ရာသီတကုန်ထိ အငှားနန့် ခေါ်ယူရန် သဘောတူညီမှုရဟိကြောင်း သိရသည်။
အသက် ၃၀ အရွယ် တိုက်စစ်မှူး ဝက်ဟော့စ်ကိုခေါ်ယူရန် Basiktas နန့် ပေါင် ၂.၇ သန်း သဘောတူထားပြီး၊ Basiktas ကတော့ ဝက်ဟော့စ်၏ နီရာမှာ အစားထိုးတိုက်စစ်မှူး တယောက်ရမှရာ သူ့ကို လက်လွှတ်ပီးနိုင်မည် ဟု ဆိုသည်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ဂိုးသွင်းခြီစွမ်းပြခသည့် တိုက်စစ်မှူး ဝက်ဟော့စ် သည် Basiktas နန့် ၁၆ ပွဲကဇတ်ထားရာမှာ ၈ ဂိုးသွင်းယူပီးထားပြီး၊လက်ဟိ ဘောလုံးရာသီ၌ နိုင်ငံနန့်ကလပ်အသင်းအတွက် စုစုပေါင်း ပွဲ ၂၀ ကဇတ်ထားပြီး၊ ၁၀ ဂိုး သွင်းယူပီးထားကြောင်း သိရသည်။
ဝက်ဟော့စ်သည် ပြီးခသည့် စနီနိက Kasimpasa အသင်း ကို ၂-၁ ဖြင့် အနိုင်ရဟိပြီးနောက် အသင်း၏ ပရိသတ် များအား လက်ပြနှုတ်ဆက်ကာ ၎င်းအနေဖြင့် အသင်းပြောင်းမည့်လက္ခဏာကို ပြသခသည်။
ဘီဆပ်တပ်အသင်းအနီနန့် သူ့နီရာမှာအစားထိုးတိုက်စစ်မှူးတယောက်ရမှ အသင်းက ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ် ထားပြီး၊ ယင်းနီရာအတွက် ဆော်ဒီအာရေးဗီးယားကလပ် အယ်လ်နာဆာ အသင်းက ကင်မရွန်း တိုက်စစ်မှူး ဗင်း ဆင့်အဘူဘာကာကို စိတ်ဝင်စားနီကြောင်း သိရသည်။
တိုက်စစ်မှူးဝက်ဟော့စ်သည် ကုန်ခသည့် ဂျန်နဝါရီက Wolfsburg အသင်းမှ ဘန်လေအသင်းသို့ ပြောင်းရွှိကြေး ပေါင် ၁၂ သန်းဖြင့်ရောက်ဟိလာပြီး၊ ဘန်လေ၌ ထိထိရောက်ရောက် ကဇတ်နိုင်ခြင်းမဟိဘဲ ပြီးခသည့်ရာသီတွင် ဘန်လေအတွက် ၂ ဂိုးရာ သွင်းနိုင်ကာ ဘန်လေ တန်းဆင်းခရသည်ဟုလေ့ သိရသည်။
Photo – The Guardian
