
APM ၊ ဂျန်နဝါရီ ၁၁ / ၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးပြီး၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံ ထားရသည့် ကျောက်ဖြူမြို့ခံ ဦးသန်းလှိုင်နန့် ဒေါ်ခင်အုန်းနွဲ့ရို့နှစ်ယောက်အမှုကို ဂျန်နဝါရီ ၉ ရက်နိရုံးချိန်း၌ နှစ်ဖက်ရှိနီများက လျှောက်လဲချက်တင်းသွင်းခကြောင်း သိရသည်။
ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ (၅၆နှစ်) ရို့မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဖြစ်ပြီး၊ ကုန်ခ သည့် မေ ၂၆ ရက်နိက ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ (၃၄) တပ်ရင်းမှ ဖမ်းလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို ULA/AA အတွက် ငွေကြေးကောက်ခံသည်ဟုစွပ်စွဲကာ ခလရ(၃၄) တပ်ရင်းမှ ဗိုလ်-ရဲသက်ဇော်က တရားလိုလုပ်၍ ၅၀၅(က) ဖြင့်ကျောက်ဖြူမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
ကုန်ခသည့် ဂျန်နဝါရီ ၉ ရက်နိရုံးချိန်း၌ အမှုနန့်ပတ်သက်၍ နှစ်ဖက်ရှိနီများ လျှောက်လဲချက်တင်သွင်းခကတ်ပြီး၊
ယင်းစွပ်စွဲခံရသူနှစ်ယောက်ကိုလေ့ စစ်မိန်းခကြောင်း မိသားစုဝင်များက ဆိုသည်။
လက်ဟိတွင် ၎င်းရို့နှစ်ယောက်အား ကျောက်ဖြူထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားပြီး၊ လာမည့် ဂျန်နဝါရီ ၁၇ ရက်နိသို့ ထပ်မံ ရုံးချိန်းထားသည်ဟု သိရသည်။

