APM၊ ဒီဇမ်ဘာ ၁၀/၂၀၂၂
မြန်မာစစ်တပ်မှ လားလာခွင့်ပိတ်ထားသည့် မင်းပြား-မြေပုံကားလမ်းကို ဒေနိ(ဒီဇမ်ဘာ ၁၀ ရက်နိ) မိုးထ ၇ နာရီခွဲမှစကာ ပြန်လည်လားလာခွင့်ပြုလိုက်ကြောင်း သိရသည်။
မင်းပြား-မြေပုံကားလမ်းကို ရက္ခိုင့်တပ်တော် AAနန့် မြန်မာစစ်တပ်ရို့ တကျော့ပြန်တိုက်ပွဲများကာလအတွင်း အောက်တိုဘာ ၂ ရက်နိမှစပြီး ယင်းလမ်းထက်ဟိ ကြပ်စင်တန်းထားထက်တွင် မြန်မာစစ်တပ်မှ တပ်စွဲနီထိုင်ကာ ဒေသခံများလားလာခွင့်ကို ပိတ်ဆို့ထားခခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းကားလမ်းကို ဒေနိမိုးထမှစကာ မြန်မာစစ်တပ်မှ ပြန်လည်ဖွင့်ပီးထားပြီး ကြပ်စင်တန်းထားထက်၌ မြန်မာစစ်တပ်မှ ဆက်ဟိနီသိမ့်ကေလေ့ စစ်ဆီးမှုတစုံတရာမဟိဘဲ ဒေသခံပြည်သူများ လွတ်လပ်စွာ လားလာခွင့်ရဟိနီကြောင်းသိရသည်။
AA နန့် မြန်မာစစ်တပ်ရို့ တကျော့ပြန်စစ်ရီးတင်းမာစဥ်က မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်ဟိ ရီလမ်းကြောင်းအားလုံးနန့် ကုန်လမ်းကြောင်းတချို့ကို ပိတ်ဆို့ထားခသည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ယာယီအပစ်ရပ်လိုက်သည့် နိုဗမ်ဘာ ၂၆ ရက်နိမှစ၍ မြန်မာစစ်တပ်မှ ၎င်းရို့ပိတ်ထားသော လမ်းများကို ပြန်လည်ဖွင့်ပီးလာနီခြင်းဖြစ်ကြောင်း သိရသည်။