![](https://arakanprincess.media/wp-content/uploads/2022/11/photo_2022-11-10_20-59-48.jpg)
APM၊ နိုဗမ်ဘာ ၁၀/၂၀၂၂
ဒေနိ(နိုဗမ်ဘာ ၁၀ ရက်နိ)တွင် မောင်တောမြို့နယ်၊ ရန်အောင်ပြင်ရွာကို စစ်ကောင်စီတပ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် သည့်အတွက် အိမ်နှစ်ဆောင်မီးလောင်ပြာကျလားကြောင်း သိရသည်။
မီးလောင်ပြာကျလားသည့် အိမ် နှစ်ဆောင်မှာ ဦးဇော်နီထွန်း နန့် ဦးလှစိန်အောင်ရို့၏ နီအိမ်များဟု စုံစမ်းသိဟိရသည်။
ရန်အောင်ပြင်ရွာကို ဒေနိ ညဇာ ၃ နာရီခန့်မှစ၍ စစ်ကောင်စီ၏ ကြိမ်ချောင်းအခြီစိုက်စစ်ကောင်စီတပ် နခခ(၇)တပ်ရင်းမှ လက်နက် ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခခြင်းဖြစ်ပြီး၊ ရန်အောင်ပြင်ရွာထဲသို့ လက်နက်ကြီးကျည် (၅)လုံး ကျရောက် ပေါက်ကွဲကာ ယင်းအထဲမှ နှစ်လုံးသည် ဦးဇော်နီထွန်းနန့် ဦးလှစိန်အောင်ရို့၏ နီအိမ်များ တည့်တည့်သို့ ကျရောက်ပေါက်ကွဲခသည်။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဇော်နီထွန်းနန့် ဦးလှစိန်အောင်ရို့၏ နီအိမ်များ မီးလောင်ပြာကျလားခြင်း ဖြစ်သည်။
မောင်တောမြို့နယ်၊ ရန်အောင်ပြင်ရွာ၌ အိမ်ခြီ (၁၆၀) ခန့်ဟိကာ ရက္ခိုင်မျိုးနွယ်စုများ စုပေါင်းနီထိုင်နီကတ်ကြောင်းသိရသည်။
![](https://arakanprincess.media/wp-content/uploads/2022/11/photo_2022-11-10_20-59-48.jpg)