
APM၊ နိုဗမ်ဘာ ၁၀/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးကျေးရွာကို ဒေနိ (နိုဗမ်ဘာ ၁၀ ရက်နိ)ညဇာ ၄နာရီခန့်တွင်စစ်ကောင် စီတပ်သားများက ပထမအကြိမ် မီးတိုက်ခပြီး အိမ် ၄ လုံး မီးလောင်ပြာကျလားခကာ လက်ဟိအချိန်တွင်လေ့ဒုတိယအကြိမ်ထပ်မံ မီးတိုက်နီပြန်ကြောင်း သတင်းရဟိသည်။
စစ်ကောင်စီတပ်သားများ၏ ပထမအကြိမ် မီးတိုက်မှုကြောင့် မီးလောင်ပြာကျလားရသည့် အိမ်များမှာ ဦးမောင်မောင်သိန်း၊ဦးခိုင်ထွန်းစိန်၊ဦးဌေးဝင်းအောင်နန့် ဦးင/စိချေရို့နီအိမ်များဖြစ်ကြောင်းစုံစမ်းသိရသည်။
လက်ဟိအချိန်ထိ ရွာထဲ၌ စစ်ကောင်စီတပ်သား ၄၀ ခန့်ဆက်လက်ဟိနီပြီး၊အဆိုပါစစ်ကောင်စီတပ်သား များကရွာထဲဟိလူနီအိမ်များကို ဒုတိယအကြိမ် ထပ် မံမီးတိုက်နီကတ်ပြီး၊ ရွာထဲ၌ သီနတ်ပစ်သံများနန့် ဆူညံနီသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ဆင်အင်းကြီးရွာမှ ရွာသားတချို့မှာ ရွာနန့် လေးဖာလုံခန့်ဝီးသည့် ဘုန်းကြီးကျောင်းထဲတွင် ပိတ်မိနီပြီး၊ တချို့ကတော့ အနီး အနား ကျေးရွာများသို့ တိမ်းယှောင်နီကတ်ရကြောင်း သိရသည်။
ယင်းအပြင်ဆင်အင်းကြီးနန့် အနီအနားကျေးရွာများသို့လေ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်လက် ပစ်ခတ် တိုက်ခိုက်လျင်ဟိပြီး စစ်ကောင်စီတပ်သား၏ ဖမ်းဆီးခြင်းခံထားရသည့် ရွာသားများလေ့ ဟိနီသည်ဟု ကြားသိရကာ APM မှ ဆက်လက် စုံစမ်းလျက်ဟိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးရွာတွင် အိမ်ခြေ ၁၃၅ လုံး နန့် လူဦးရေ ၅၂၀ ခန့် ဟိကြောင်း သိရသည်။
