
APM၊ နိုဗမ်ဘာ ၁၀/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၁၀ ရက်နိ)နိခင်း၁၂နာရီခန့်၌စစ်ကောင်စီတပ်မှ ဒရုန်းများ၊လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောက် ထပ် အပြစ်မဲ့ပြည်သူ ၂ ယောက် ဒဏ်ရာရလားပြန်ကြောင်း သိရသည်။
ဒဏ်ရာရလားသူ၂ယောက်မှာပုဏ္ဏားကျွန်းမြို့ နယ်၊ ငှက်ကြီးကျွန်းရွာမှ မောင်ခင်မောင်ထွန်း(၁၃နှစ်)နန့် ယာချောင်းရွာမှ ဦးဦးစော(၆၀နှစ်)ရို့ဖြစ်ကတ်ဖြစ် သည်။
ယင်းအထဲမှ မောင်ခင်မောင်ထွန်းမှာ စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ဒူး ဆစ်အောက်ပိုင်းတွင် ကျည်စထိမှန် ဒဏ်ရာရလားခြင်းဖြစ်ပြီး၊ ဦးဦးစောကတော့ ရွာပြင်က ဟင်းခင်း ၌ ခြံခတ်နီစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ခြီထောက်ကို ကျည် စထိမှန်လားခြင်းဖြစ်သည်။
ဒေနိ မိုးထ ၉ နာရီခန့်ကလေ့ စစ်ကောင်စီတပ် သည် ပုဏ္ဏားကျွန်းမြို့နယ်ဟိ ဆင်အင်းကြီး၊ပဒေသာ၊တန် ပက်လက်၊ အိုင်ဒင် စသည့်ကျေးရွာများသို့ လက် နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုလျက် တရပ်စပ် လာရောက် ပစ်ခတ်ခသည့်အတွက် အိုင်ဒင်ရွာမှ မောင်စိုးဝင်းဦး နန့် ဒေါ်မနုချေ ရို့ ပြင်းပြင်း ထန်ထန်ဒဏ်ရာရလားခသိမ့်သည်။
လက်ဟိတွင်ပုဏ္ဏားကျွန်းမြို့နယ်၌ စစ်ကောင်စီတပ် ၏ လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တရက် အတွင်း ထိခိုက်ဒဏ်ရာရလားသည့် အပြစ်မဲ့ပြည်သူ ၄ ယောက်အထိဟိလာနီပြီး၊ ဆက်လက်၍လေ့ စစ်ကောင်စီတပ်မှ တရစပ် ပစ်ခတ်နီဆဲဟု သိရသည်။



