APM၊ အောက်တိုဘာ ၁၀/၂၀၂၂
ရမ်းဗြဲတွင် အောက်တိုဘာ ၉ရက်နိ ညဇာက အပြစ် မဲ့အရပ်သားပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ် ဖွဲ့ဝင်များမှဖမ်းဆီးလားကြောင်းသတင်းရဟိသည်။
အဖမ်းခံရသူ ၄ယောက်မှာကျောက်ဖြူမြို့နယ်၊ချင်း မင်းပြင်ရွာမှ ဦးအောင်ကျော်ဝင်း (၃၄ နှစ်)၊ စနဲမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးသန်းထွန်း (၃၄ နှစ်)၊ စနဲမြို့ ကံပြင်စုရပ်ကွက်မှ ကိုထွန်းမြင့်အောင် (၂၉ နှစ်) နန့် ကိုဧပြီကျော် (၂၉ နှစ်)ရို့ဖြစ်သည်ဟု ကနဦး သိရသည်။
အောက်တိုဘာ ၉ ရက်နိ ညဇာ ၉ နာရီကျော်အချိန်၌ ရမ်းဗြဲမြို့မှ ပြန်လာသည့် ယင်း ၄ယောက်အား ရမ်းဗြဲမြို့နယ်၊ ခမောင်းခတိုင်ရွာကို ဝင်စစ်နီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်း၍ ရမ်းဗြဲမြို့သို့ ခေါ်ယူလားခသည်ဟု ဒေသခံများက ပြောသည်။
(Zawgyi)
ရမ်းဗြဲတွင် အပြစ်မဲ့ပြည်သူ ၄ယောက်ကို စစ်ကောင်စီ ဖမ်း
APM၊ အောက်တိုဘာ ၁၀/၂၀၂၂
