APM၊ စပ်တမ်ဘာ ၁၀/၂၀၂၄
ပေါက်တောမြို့နယ်၊ သျှင်ရွာဟိ စစ်သုံ့ပန်းတိနန့်အကျဉ်းသားတိအား ဆီးကုပီးနီရေနီရာကို စပ်တမ်ဘာ ၈ ရက်နိ၊ ညဇာပိုင်းမာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇) ယောက်သီဆုံးလားပြီး၊ (၁၀) ယောက်ဒဏ်ရာရဟိလားရေလို့ အာရက္ခတပ်တော် AA က စပ်တမ်ဘာ ၉ ရက်နိထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း “၂၀၂၄ ခုနှစ်၊ စပ်တမ်ဘာလ (၈) ရက်၊ ညဇာ (၆) နာရီ (၅၀) မိနစ်နန့် (၅၅) မိနစ်တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီမှ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သျှင်ရွာဟိ စစ်သုံ့ပန်းများနန့် အကျဉ်းသားများအား ဆီးကုသပီးနီသော နီရာတနီရာအား ဂျက်တိုက်လီယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခမှုကြောင့် စုစုပေါင်း (၁၇) ဦး သီဆုံးခပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရဟိသူ စုစုပေါင်း (၁၀) ဦးအထိဟိခသည်” လို့ဖော်ပြထားပါရေ။
သီဆုံးလားရေလူတိထဲမာ စစ်ကောင်စီ၏ သုံ့ပန်းတိထဲက ကျန်းမာရီးဆိုးဝါးလို့ ဆီးကုဖို့ လိုအပ်လျက်ဟိရေ အရာဟိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပီးတိနန့် အရက္ခတပ်တော်၏ သတင်းတိကို စစ်ကောင်စီဘားသို့ ပီးပို့နီရေလို့ သံသယနန့် ဖမ်းဆီးစစ်ဆီးနီရေလူတချို့၊ ပြစ်ဒဏ်ကျခံနီရသူတချို့၊ ယင်းအကျဉ်းစခန်း ထိန်းသိမ်းရီးတာဝန်ဟိသူတချို့၊ ULA/AA၏ ကျန်းမာရီးဝန်ထမ်းတချို့နန့် ယင်းအပါးဟပ်စပ်ဟိ အရပ်သားပြည်သူ၊ အချေတချို့ပါဝင်ခရေလို့ ဆိုပါရေ။
ကုန်ခရေ စပ်တမ်ဘာ ၆ ရက်နိကလည်း စစ်တွေမြို့ဟိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနန့် ပွိုင့်ရီတပ်စခန်းရို့က ပေါက်တောမြို့ထဲသို့ လက်နက်ကြီးတိနန့်ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူရို့၏ နီအိမ်တချို့ပျက်စီးခရရေလို့ သိရပါရေ။
စစ်ယှုံးဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီစွာ နိုင်ငံတဝန်း တော်လှန်ရီးတပ်ရို့ ထိန်းချုပ်ထားရေ မြို့ရွာတိဟိ စာသင်ကျောင်း၊ ဆီးရုံ၊ ဆီးခန်း၊ ဘာသာရီးအဆောက်အအုံတိ၊ ဈီးတိ အစဟိရေ နီရာတိကို တိုက်လီယာဉ်တိနန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အချေသူငယ်ရို့၊ ကိုယ်ဝန်ဆောင်မိခင်ရို့နန့်သက်ကြီးရွယ်အိုရို့မာ အစုလိုက်အပြုံလိုက် သီဆုံးရေဖြစ်စဉ်တိ မြန်မာပြည်အနှံ့နီစဉ်ရက်ဆက် ဖြစ်ပျက်လျက်ဟိကြောင်းလည်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။