APM ၊ စပ်တမ်ဘာ ၁၀ /၂၀၂၄
စပ်တမ်ဘာ ၉ ရက်နိ၊ ညည့် ၉ နာရီခွဲမာ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊လေးမိုင် နခခ(၂)အတွင်း ခေတ္တထိန်းသိမ်းထားရေ စစ်သုံ့ပန်းတိအပါအဝင် အကျည်းသား (၅၀) ကျော် သီဆုံးခရကြောင်း အာရက္ခတပ်တော် AA က စပ်တမ်ဘာ ၁၀ ရက်နိ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ စပ်တမ်ဘာလ (၉) ရက်၊ ညည့် (၉) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ တပ်၏ လီကြောင်းမှ ဂျက်တိုက်လီယာဉ်နှစ်စီးနန့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ အရပ်သား အကျဉ်းသားများထဲမှ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လိကျင့်ထားသော သတင်းပီးများ၊ ULA/AA အဖွဲ့အစည်း နန့် ရက္ခိုင့်အမျိုးသားတော်လှန်ရီးကို အနှောင့်အယှက်ပီးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆီးနီသောသူများ၊ ALP နန့်ဆက်စပ်နီသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆီးမိန်းမြန်းရန် ဖမ်းဆီးထားသောသူတချို့အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၀) ကျော်သည် အဆိုပါ အကျဉ်းစခန်းနီရာ၌ပင် ပွဲချင်းပြီး သီဆုံးခကာ မြောက်မြားစွာ ဒဏ်ရာဟိခသည်” လို့ ဖော်ပြထားပါရေ။
ယင်းနည်းတူ ပြင်းထန်ဒဏ်ရာနန့် အသက်အန္တရာယ်စိုးရိမ်ရသူတိလည်း ဆက်လို့ဟိနီတုန်းလို့ဆိုပါရေ။
ယင်းအပြင် ယင်းနိ ညည့် ၈ နာရီ ၂၀ မိနစ် နန့် ၂၃ မိနစ်ရို့မာလည်း မောင်တောမြို့၊ (၃) မိုင် နန့် ဝေသာလီ ရွာအတွင်းဟိ UN အဆောက်အအုံတိကို အကြမ်းဖက် စစ်ကောင်စီစွာ လီကြောင်းက ဂျက်လီယာဉ်တစီးနန့် လာရောက်ပစ်ခတ်ပြီးနောက် နခခ (၂) ကို ထပ်မံပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်ခရေ စခန်းစွာ ၎င်းရို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဂျူလိုင် ၆ ရက်နိမာ အပြီးသတ်သိမ်းပိုက်ရဟိထားရေ စခန်းတခုဖြစ်ပါရေ။
လက်ဟိအချိန်မာ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီစွာ လီကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကို တနိုင်ငံလုံး အတိုင်းအတာနန့် အယင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ဟိရေပိုင်၊ လူနီထူထပ်တေ နီရာတိ၊ ဆီးရုံ၊ စာသင်ကျောင်း၊ စျီး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနီအဆောက်အအုံကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခသော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းရို့စွန့်လွှတ်ခရရေ စခန်းတိပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ဟိရေအတွက် အဆိုပါနီရာတိမာ သတိထားလားလာကတ်ဖို့၊ လီကြောင်းအန္တရာယ်ကို ပိုလို့သတိထားကတ်ဖို့နန့် မိုင်းအန္တရာယ်ကိုလည်း သတိထားကတ်ဖို့ ထပ်မံ သတိပီးလိုက်ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။