
APM ၊စပ်တမ်ဘာ ၁၀/၂၀၂၃
ကျောက်တော်မြို့၊င/တရံစစ်ဖီးယှောင်စခန်းမာ လက်ဟိ စားဝတ်နီရီး အခက်အခဲတိနန့် ရင်ဆိုင်နီရရေလို့ သိရပါရေ။
ယင်းစစ်ဖီးယှောင်စခန်းက စစ်ဖီးယှောင်တိစွာ နိစားအလုပ်နန့် အသက်မွီးဝမ်း ကျောင်းပြုနီရရေလူတိဖြစ်ပြီးကေ လက်ဟိအလုပ်အကိုင်ယှားပါးလို့ အခက်ကြုံနီကတ်ရရေလို့ စစ်ဖီးယှောင်တိကပြောပါရေ။
အေကြားထဲ ကုန်ဈီးနှုန်း အဆမတန် တက်နီစွာနန့် အကူအညီလှုဒါန်းမှု နည်းပါးစွာကြောင့် စားနက်ရိက္ခာပြတ်လပ် လာရေအတွက် စစ်ဖီးယှောင်တိ ပိုလို့အခက်ကြုံလာကတ်ရရေလို့ ဆိုပါရေ။
ယင်းအပြင် မကြာသိမ့်ခင်ကဖြစ်ပွားခရေ တောင်ကျရီလွှမ်းမှုကြောင့် င/တရံစစ်ဖီးယှောင် စခန်းအတွင်း ရီကြီးပနာ တပူကိုနှစ်ပူဆင့် ဖြစ်ခရပါသိမ့်ရေ။
လက်ဟိ င/တရံ စစ်ဖီးယှောင်စခန်းမာ အိမ် ထောင်စု ၆၄ စုနန့် လူဦးရေ ၃၂၆ ယောက် ခိုလှုံနီထိုင်လျက်ဟိပါရေ။

Please follow and like us: