APM၊ စပ်တမ်ဘာ ၁၀/၂၀၂၂
၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ ၉ ရက်နိတွင် ကျရောက်သော (၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနိ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း၊ ဂျပန်အပါအဝင် ပြည်ပနိုင်ငံအချို့တွင်လေ့ကျင်းပခကြောင်း သိရသည်။
စပ်တမ်ဘာ ၉ ရက်နိက ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်း တက္ကသိုလ်၌ ရက္ခိုင်ကျောင်းသား ရဟန်းတော် များအဖွဲ့ (ထိုင်းနိုင်ငံ) ASMA မှ ဦးဆောင်ကာ ဆရာတော်ဦးဥတ္တမနိ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ခသည်။
ထိုင်းနိုင်ငံတွင် ကျင်းပသော ဆရာတော်ဦးဥတ္တမနိ အခမ်းအနားသို့ ရက္ခိုင် နန့် တိုင်းရင်းသားရဟန်းတော်များ အပါအဝင် နိုင်ငံအသီးသီးမှ တက်ရောက် ပညာသင်နီကတ်သော ရဟန်းတော်များ၊ သီလသျှင်များ စုစုပေါင်း အပါး (၅၀၀)ကျော် တက်ရောက်ပြီး၊ အခမ်းအနား၌ လွမ်းသူ့ပန်းခွီများချခြင်း၊ ရက္ခိုင်အမျိုးသား ရိုးရာယဉ်ကျေး မှုများဖြင့် တင်ဆက်ခြင်း စသည့် ကဏ္ဍများကိုလေ့ ထည့်သွင်း ကျင်းပခသည်ဟု သိဟိရသည်။
ယင်းအပြင် ဂျပန်နိုင်ငံတွင်လေ့ (၈၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနိကို အထူးဂုဏ်ပြုသည့်အနီဖြင့် ရခိုင် လူမှုရီးအသင်း(ဂျပန်)အဖွဲ့က နာဂိုယာမြို့ဟိ “ဆရာတော်ဦးဉတ္တမ သီတင်းသုံး နီထိုင်တော်မူခသည့် ကျောင်း ဆောင်” သို့ လားရောက်၍ ဂါရဝပြုခကတ်ပါသည်။
အလားတူအမေရိကန်ပြည်ထောင်စုအပါအဝင်တခြားပြည်ပနိုင်ငံအချို့၌လေ့အဖွဲ့အစည်းလိုက်ဖြစ်စီ၊ ပုဂ္ဂလိက တယောက်ချင်းဖြစ်စီပုံသဏ္ဍာန်မျိုးစုံဖြင့်(၈၃)နှစ်မြောက်ဆရာတော်ဦးဥတ္တမနိအထိမ်းအမှတ်အခမ်းအနားများ ကို ကျင်းပခကတ်ကြောင်း သတင်းရဟိပါသည်။
ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇမ်ဘာ ၂၈ ရက်နိတွင် စစ်တွေမြို့ ၌ မွီးဖွားခပြီး၊ ၁၉၃၉ ခုနှစ်၊ စပ်တမ်ဘာ ၉ ရက်နိတွင် ဘဝနတ်ထံပျံလွန်တော်မူခကာ ယင်းနိကို ဦးဥတ္တမနိအဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ကျင်းပနီကတ်ခြင်း ဖြစ်သည်။
(Zawgyi)
(၈၃) နှစ်မြောက်ဆရာတော် ဦးဥတ္တမနိ အခမ်းအနားများကို ပြည်ပနိုင်ငံအချို့တွင်လေ့ ကျင်းပ
APM၊ စပ်တမ်ဘာ ၁၀/၂၀၂၂
Photo:- Original Uploader



