APM၊ စပ်တမ်ဘာ ၁၀/၂၀၂၂
မောင်တောမြို့နယ်၊လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းရွာ၏ အရှိတောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်း တောင်)ဟိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတခုအား ရက္ခိုင့်တပ်တော် AA က ထပ်မံသိမ်းပိုက်လိုက် ကြောင်း AA မှ ဒေနိ (စပ်တမ်ဘာ ၁၀ ရက်နိ) တွင် သတင်းထုတ်ပြန်လိုက်သည်။
ရက္ခိုင့်တပ်တော် ၏ သတင်းထုတ်ပြန်ချက်၌ “၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၃၁) ရက်နိတွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနားဟိ စစ်ကောင်စီ၏ တပ်စခန်းတခုကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခပြီးနောက် စစ်ကောင်စီတပ် သည် ၎င်းစခန်းအား ပြန်လည်ရယူရန် ကြိုးစားလျက်ဟိကြောင်း ထုတ်ပြန်ခပြီး စစ်အင်အားများတိုးချဲ့ကာ လီကြောင်းတိုက်ခိုက် မှုများ၊လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနားတဝိုက်နန့်တခြား ရက္ခိုင်နန့်ပလက်ဝ နီရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်နီခသည်မှာ တပတ်ကျော် ကြာမြင့်ခပြီးဖြစ်သည်” ဟု ဖော်ပြထားသည်။
ယင်းသို့ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လီကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများနန့် အပြင်းအထန် ထိုးစစ် ဆင်နီချိန် ဒေနိ (စပ်တမ်ဘာ ၁၀ ရက်နိ) မိုးထ (၆) နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀)မှ ဝေးကွာသောနေရာ ဖြစ်သည့် မောင်တော မြို့နယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းရွာ၏ အရှိတောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ဟိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂)တပ်ရင်းစခန်းကုန်းတခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခရာ မိုးထ(၇) နာရီ (၂၂) မိနစ် အချိန်၌ ယင်းစခန်းကုန်းအား အောင်မြင်စွာသိမ်းပိုက်ရဟိခကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဖက်မှ အများအပြား သီဆုံးပြီးလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားတချို့ကိုလေ့သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခကြောင်းနန့်စစ်ကောင်စီတပ်မှ၎င်းစခန်းကုန်းနီရာအနားတဝိုက်သို့ရဟတ်ယာဉ်များ၊ဂျက်တိုက်လီယာဉ်များဖြင့် တနီကုန်လာရောက် တိုက် ခိုက်နီခကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂတ်စ်လမှစ၍ ရက္ခိုင်နန့် ပလက်ဝ ဒေသများတွင် ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန် တိုက်ပွဲများ ပြင်းထန် နီပြီး၊ တိုက်ပွဲများ ပြင်းပြင်းထန်ထန် နိစဉ်ဖြစ်ပွားလျက်ဟိသည်။
တိုက်ပွဲတိုင်း၌ စစ်ကောင်စီတပ်ဖက်မှ အထိနာ အကျအဆုံးများကာ စခန်းများတခုပြီးတခု လက်လွှတ်ဆုံးယှုံးနီသည့်အပြင် စစ်ကောင်စီတပ်သားများမှာလေ့ တပ်တွင်းမှထွက်ဗြီးကာလက်နက်ချအညံ့ခံမှုများမှာမြန်မာပြည့်အနှံ့တနိတခြားတိုးပွားများပြား လျက်ဟိသည်။
မြီပြင်တွင် အထိနာ အကျအဆုံးများပြီး ယှုံးမဲမဲနီသော စစ်ကောင်စီတပ်သည် အပြစ်မဲ့ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခြင်း၊ ပိုတာဆွဲခြင်း၊ လူသားဒိုင်းကာပြုလုပ်ခြင်း၊ ရှေးဟောင်းသမိုင်း ဝင်ယဉ်ကျေးမှုအမွီအနှစ်များ၊ သာသနိက အဆောက် အအုံများအား ဖျက်ဆီးခြင်း၊ ဘာသာရီးအဆောက် အအုံများ၌ တပ်စွဲနီရာယူ၍ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊လီကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊မီးတိုက်ခြင်း စသည့် စစ်ကောင်စီ၏လူမဆန်သည့် လုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများမှာ မိမိရို့နီအိမ်များကိုစွန့်ခွာပြီး အဝတ်တစ်ထည် ကိုယ်တလုံးဖြင့် စစ်ဖီးယှောင်နီကတ်ရသည့် စစ်ဖီးယှောင်ဦးရေမှာ လေ့ တရက်ထက်တရက် များပြားလာနီကြောင်း သိဟိရပါသည်။
(Zawgyi)
စစ်ကောင်စီတပ်၏ နောက်ထပ် စခန်းကုန်းတခုအား AA ထပ်သိမ်းပြန်
APM၊ စပ်တမ်ဘာ ၁၀/၂၀၂၂
Photo:- AA Info Desk
