APM၊ ဩဂတ်စ် ၁၀/ ၂၀၂၃
ဒေနိ(ဩဂတ်စ် ၁၀ရက်)နိ၊ မိုးထပိုင်းကစလို့ တောင်ကိုရီးယားနိုင်ငံကို ခန်နွန်တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နီရာ ကမ်းရိုး တန်းဒေသများမှ လူထောင်ပေါင်းများစွာကို ဖီးလွတ်ရာသို့ ရွှိပြောင်းပီးထားရကြောင်း သိရသည်။
အဆိုပါခန်နွန်မုန်တိုင်းသည် လူဦးရေ ၅၁သန်းဟိသည့် တောင်ကိုရီးယား၏ လူထက်ဝက်လောက်နီထိုင်သည့် ဆိုးလ်မြို့ ဧရိယာ ကို မိုးပြင်းလီပြင်းနန့်တိုက်ခတ်နီရာ မိုးရီချိန် ၃၀ စင်တီမီတာ (တပေ) ကျော် ရွာသွန်းနီပြီး လမ်းအချို့ ရီမြုပ်နီ သည်ဟု ဆိုသည်။
ခန်နွန်မုန်တိုင်းသည် ဂျဲဂျူဆိပ်ကမ်းမြို့ အနောက်တောင်ဖက်ဟိ ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ခပြီး အမြင့်ဆုံး လီတိုက် နှုန်း တနာရီကို ၁၂၉ ကီလိုမီတာ (မိုင် ၈၀) နန့် မြောက်ဖက်သို့ ရွီလျားနီကြောင်း သိရသည်။
တောင်ကိုရီးယား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့တွင် တနာရီကို ၁၂၆ ကီလိုမီတာ (၇၈ မိုင်) နှုန်းနန့် လီပြင်းများ တိုက်ခတ်နီပြီး သစ်ပင်များပြိုလဲခြင်း၊ ခြံစည်းရိုးများ ကျိုးကျခြင်းနန့် တခြားအပျက်အစီးများ ဖြစ်ပေါ်နီသည်။
တောင်ကိုရီးယားတွင် ကုန်ခသည့် သီတင်းပတ်များက မိုးကြီးရီကြီးမှုကြောင့် လူ ၄၇ ယောက်ထက်မနည်း သီဆုံးခသည့် အတွက် အာဏာပိုင်များက မုန်တိုင်းအန္တရာယ်ကို အလေးထားကာ ကြိုတင်ကာကွယ်ရီးအစီအမံများနန့် ဒေသခံများကို ဖီးလွတ်ရာသို့ ရွှိပြောင်းကတ်ရန် တင်းတင်းကျပ်ကျပ် ညွှန်ကြားထားသည်။
မုန်တိုင်းမတိုက်ခင်အထိ တောင်ပိုင်းဒေသများမှ ဒေသခံ ၁၀,၀၀၀ ကျော်ကို ဖီးလွတ်ရာသို့ ရွှိပြောင်းထားကြောင်း ပြည်ထဲရီး ဝန်ကြီးဌာနက ဆိုသည်။
ယင်းအပြင် မုန်တိုင်းကြောင့် လီကြောင်းခရီးစဉ် ၃၄၀ လောက်ကို ရပ်ဆိုင်းထားရပြီး ကားလမ်း ၄၀၀ နီးပါးကို ပိတ်ထားကာ ကူးတို့သင်္ဘောများနန့် ငါးဖမ်းသင်္ဘော ၆၀,၀၀၀ ကျော်ကို ခရီးလားလာမှု ရပ်တန့်ထားကြောင်း သိဟိရသည်။
Source – Khanun blows strong winds and heavy rains into South Korea, where thousands evacuated the coast
Photo – AP