APM ၊ ဩဂတ်စ် ၁၀ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ ၊ ကော့ဇ်ဘဇားခရိုင်ဟိ မူဆလင်ဒုက္ခသည်စခန်းများ၌ ရီကြီးမြီပြိုများဖြစ်ကာ လူနီအိမ်များ ပျက်စီး၍ ဩဂတ်စ် ၉ ရက်နိတွင် ဒုက္ခသည် ၅၀၀၀ လောက်ကို ဖီးလွတ်ရာသို့ ရွိပြောင်းထားခရကြောင်း သိရသည်။
ကော့ဇ်ဘဇားခရိုင်တွင် ဩဂတ်စ် ၆ ရက်နိမှစ၍ မိုးအဆက်မပြတ်ရွာသွန်းနီရာ ရီကြီးမြီပြိုမှုများဒဏ်ကို ဒုက္ခသည် ၂၁,၀၀၀ ကျော် ထိခိုက်ခံစားခရကြောင်း UNHCR မှ ထုတ်ပြန်ထားသည်။
UNHCR မှ လူမှုကယ်ဆယ်ရီးဝန်ထမ်းနန့် တခြားဒေသခံလူမှုကယ်ရီးအဖွဲ့များပေါင်း၍ ဒုက္ခသည်များကို ဖီးလွှတ်ရာသို့ ရွှိပြောင်း ပီးခရာ လက်ဟိအချိန်အထိ ဒုက္ခသည် ၅၀၀၀ လောက်ကို ရွိပြောင်းပီးထားရသည်ဟု ဆိုသည်။
ကုန်ခသည့် ဩဂတ်စ် ၇ ရက်နိက ဘာလုခါလီဒုက္ခသည်စခန်းတွင် မြီပြိုမှုများ ဖြစ်ပေါ်ခသည့်အတွက် အသက် ၆၀ အရွယ် မူဆလင်ဒုက္ခသည် အမျိုးသမီးတယောက် နန့် သမီးချေတယောက်သီဆုံးခပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရဟိခသည်။
အလားတူ ကော့ဇ်ဘဇားခရိုင်ဟိ ချာ့ခရီယာမြိုတွင်လေ့ ရီကြီးမြီပြိုမှုများကြောင်း အချေ ၂ယောက်နန့် လူငယ်တယောက် သီဆုံးခပြီး ဘန်ဒါလန်ခရိုင်တွင် မြီပြိုမှုကြောင်း အမျိုးသား ၂ ယောက် သီဆုံးခသည်။
ကော့ဇ်ဘဇားခရိုင်တွင် ဩဂတ်စ် ၇ ရက်နိမှစ၍ ရီကြီးမြီပြိုမှုများကြောင့် ကားလမ်းများပိတ်ကာ လျှပ်စစ်မီးများ ပြတ်တောက် ခပြီး စာသင်ကျောင်းအများအပြားကိုလေ့ ပိတ်ထားရကြောင်း သိဟိရသည်။
Source Devastating floods and landslides hit rohingya camps in Bangladesh/ UNHCR
Photo – OXFAM