![](https://arakanprincess.media/wp-content/uploads/2023/08/photo_2023-08-10_15-53-26.jpg)
APM ၊ သြဂတစ် ၁၀ / ၂၀၂၃
ဂျပန်အမျိုးသမီးအသင်း၏ နိုင်ပွဲကို ရပ်တန့်ရန် ကြိုးစားလားမည်ဟုဆွီဒင်အမျိုးသမီးနည်းပြ ပီတာ ဂတ်ဟာဒ်ဆန် က ပြောကြားသည်။
ဆွီဒင်အမျိုးသမီးအသင်းနန့် ဂျပန်အမျိုးသမီးအသင်းရို့သည် ကမ္ဘာ့ဖလား ကွာတာဖိုင်နယ်တွင် ထိပ်တိုက်တွိဆုံနီပြီး နက်ဖြန်(ဩဂတ်စ် ၁၁ ရက်နိ) ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယင်းပွဲစဉ်မတိုင်ခင် သြဂတ်စ် ၁၀ ရက်(ဒေနိ) ပြုလုပ်သည့် သတင်းစာယှင်းလင်းပွဲ၌ ဂတ်ဟာဒ်ဆန်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကျနော်ရို့အနီ နန့် ဂျပန်အသင်းကို တယောက်ချင်းအနီအထားနန့် အနိုင်ယူနိုင်ကေလေ့ အသင်းလိုက်လှုပ်ယှားလာကေ စကေတော့ခက်ခဲပါဖို့။ သူရို့ အနိုင်ယူလာရေပွဲတိကို ရပ်တန့်ဖို့ စိတ်ရှည်ပနာ ကြိုးစားရပါဖို့ဗျာယ်။ ကျနော်ရို့အနီနန့် အရပ်အမောင်းကို အသုံးပြုပနာ အခွင့်ရီးကိုအသုံးချရပါဖို့ ဟု ဂတ်ဟာဒ်ဆန် က ဆိုသည်။
ယင်းအပြင် ဆွီဒင်နောက်ခံလူ အမန်ဒါကလေ့ သူရို့အသင်းစွာ လွန်ခရေ ၂ နှစ်လောက်က အိုလံပစ်ပြိုင်ပွဲမှာ နန့် ကွာခြားလားပါရေ။ နည်းဗျူဟာပိုင်း နန့် နည်းပညာပိုင်းအရ ပိုကောင်းမွန်လာပါရေ ဟု ပြောကြားခသည်။
၂၀၁၁ ကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အမျိုးသမီးအသင်း သည် လက်ဟိကျင်းပနီသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ကွာတားဖိုင်နယ်အထိ ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ခရာ ၁၄ ဂိုးအထိ သွင်းယူထားသည်။
Source-The Swedish coach said that he will stop the victory of the Japanese team/Reuters
Photo- SheKicks
![](https://arakanprincess.media/wp-content/uploads/2023/08/photo_2023-08-10_15-53-26.jpg)