
APM ၊ ဩဂတ်စ် ၁၀ /၂၀၂၃
ဒေရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ တောင်ကျရီများကြောင့် မောင်တော-အငူမော်ကားလမ်း တလျှောက်ဟိ တန်းထား ၃ စင်းပျက်စီးခရပြီးနောက် မောင်တောမြို့နယ်အတွင်း ဒေသခံတချို့နန့် ကားသမားများမှာ လားလာရီးအခက်ကြုံနီကတ်ရ ကြောင်းသိရသည်။
မောင်တောမြို့နယ်တွင် ကုန်ခသည့် ဩဂတ်စ် ၁ ရက်နိမှစကာ မိုးပြင်းထန်စွာရွာသွန်းမှုနန့်အတူ တောင်ကျရီများ ပြင်းထန်စွာ စီးဆင်းခပြီး လင်္ကျာချောင်းရီမြင့်တက်ကာ ရီကြီးမှုဖြစ်ပွားခသည်။
ယင်းရီကြီးမှုအတွင်း လင်္ကျာချောင်းတန်းထားမှာ ရီထဲမျောပါပျက် စီးခရသည့်အပြင် ကုန်ကားများဖြတ်သန်းလားလာနီရ သည့် ရီထုတ်ပြွန်ကွန်ကရစ်တံတားမှာလေ့ တန်းထားကြမ်း ခင်းကွဲအက်ပျက်စီးခပြီး လမ်းအပြင်ဖက်တန်းထားပေါင် ကြမ်း ခင်း ငါးပေလောက်ကျိုးကျပျက်စီးလားကြောင်း ဒေသခံများကပြောသည်။
ယင်းအပြင် ရဲအောင်စံရဖွေကျေးရွာအုပ်စုဟိ မာဇီးသစ်သားတန်းထားမှာလေ့ ရီကြီးမှုကြောင့်ပျက်စီးခရသည်ဟုဆိုသည်။
လက်ဟိ အဆိုပါလမ်းတန်းထားများပျက်စီးမှုကြောင့် စစ်တွေမှ မောင်တောနယ်စပ်ကုန်သွယ်ရီး စခန်းသို့ ထွက်ခွာလာသည့် ကုန်ကားအစီး ၃ဝ ကျော်မှာပိတ်မိနီကြောင်းသိရသည်။
အလားတူ မောင်တောမြို့နယ်မှ ဒေသခံတချို့မှာလေ့ လားလာရီး အခက်ကြုံနီရကတ်ရ၍ သက်ဆိုင်ရာမှ ယင်းတန်းတား ၃ စင်းအား အယင်ဆုံးပြုပျင်ပီးရန် ဒေသခံများနန့် ကားသမားများက လိုလားနီကတ်သည်။
မောင်တောမြို့နယ်တွင် ဒေရက်ပိုင်းအတွင်းမိုးပြင်းထန်စွာရွာသွန်းမှုနန့်အတူ လင်္ကျာချောင်းရီမြင့်တက်မှုကြောင့် ကျေးရွာ တချို့ ရီမြုပ်ခရပြီး လမ်း၊တန်းထားတချို့ပျက်စီးခရသည့်အပြင် ဒေသခံတချို့လေ့ ဖီးလွတ်ရာသို့ ရွှိပြောင်းခရကြောင်း သိရ သည်။
