
APM၊ သြဂတ်စ် ၁၀/၂၀၂၃
၃ ရက်ကြာ ရီမြုပ်ခရသည့် ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် လက်ဟိ ၌ စားနပ်ရိက္ခာနန့် အိမ်အသုံး အဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နီကြောင်း သိရသည်။
ရက္ခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက် ရီကြီးမှုများ ဖြစ်ပွားခရာ ဝါးတောင်စစ်ဖီးယှောင်စခန်းသည်လေ့ သြဂတ်စ် ၇ ရက်မှ သြဂတ်စ် ၉ ရက်နိအထိ ၃ ရက်တိုင်တိုင် ရီနစ်မြုပ်ခရသည်။
ယင်းရီမြုပ်မှုကြောင့် စစ်ဖီးယှောင်များ ဖီးလွတ်ရာသို့ ယာယီရွှီပြောင်းနီထိုင်ခကတ်ရပြီးနောက် စခန်း၌ ကျန်ခသည့် စားနပ်ရိက္ခာများနန့် အိမ်အသုံးအဆောင်ပစ္စည်းများမှာ ရီထဲမျောပါ ပျောက်ဆုံး၊ ပျက်စီးလားရကြောင်း စစ်ဖီးယှောင်များကပြောသည်။
လက်ဟိတွင် ရီပြန်ကျလား၍ စခန်းသို့ ပြန်လည်ရောက်ဟိလာကေလေ့ စစ်ဖီးယှောင်အများစု မှာ စားနပ်ရိက္ခာများနန့် အသုံးအဆောင်ပစ္စည်းများ မဟိ၍ အခက်ကြုံနီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် ဝါးတောင်စစ်ဖီးယှောင်စခန်းဟိ သောက်သုံးကန်မှားမှာလေ့ ရီမြုပ်မှုအတွင်း မြစ်ချောင်းရီများဝင်ရောက်လား ရာ လက်ဟိတွင် မသန့်ယှင်းသည့်ရီကို သောက်သုံးနီကတ်ရသည်။
ဝါးစစ်ဖီးယှောင်စခန်းတွင် လူဦးရေ ၅၅၇ ယောက်ဟိပြီး အများစုမှာ ကျောက်တော် ယိုးချောင်းဖျားဒေသမှ ခမောင်း၊ ကင်ဘိ၊ သဲဝ၊ပညာကြီး၊သိန်းချောင်း စသည့်ကျေးရွာများက ဒေသခံများဖြစ်ကြောင်း သိဟိရသည်။
