
APM၊ ဩဂတ်စ် ၁၀ / ၂၀၂၃
ပရီးမီးယားလိဂ်ရာသီသစ်မစခင် ချဲလ်ဆီးအသင်းဂေါင်းဆောင်သစ်အဖြစ် ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို ခန့်အပ်လိုက် ကြောင်း ကလပ်အသင်းဖက်မှ ဩဂတ်စ် ၉ ရက်နိတွင် တရားဝင်ကြေညာသည်။
ချဲလ်ဆီးအသင်းသည် ရီးစ်ဂျိမ်းစ်ကို ဒေဂုနွီရာသီအပြောင်းအရွှိကာလတွင် ချဲလ်ဆီးအသင်းမှ အက်သလက်တီကို အသင်း သို့ အလွတ်ပြောင်းရွှိကြေးဖြင့် ထွက်ခွာလားသည့် အသင်းဂေါင်းဆောင်ဟောင်း ဆီဆာ အက်စ်ပီ လီကူတာ နီရာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။
“ချဲလ်ဆီးအသင်းဂေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရလို့ ဝမ်းသာမိပါရေ။ ဒေဂုပိုင် တာဝန်ယူရဖို့ဖြစ်လို့လေ့ စိတ်လှုပ်ယှား မိပါရေ။ အသင်းအတွက် အကောင်းဆုံး ကြိုးစားလားပါဖို့” ဟု ရီးစ်ဂျိမ်းစ် ကဆိုသည်။
ယင်းအပြင် ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက “ရီးစ်ဂျိမ်းစ်ကို အသင်းဂေါင်းဆောင်အဖြစ် တာဝန်ပီးစွာက အသင်းဆုံး ဖြတ်ချက်ပါ။ သူကအသင်းမှာ စံနမူနာဖြစ်တေပိုင် ရာသီကြိုတလျှောက်လုံး အသင်း အပေါ်ထားရေ သူ့စေတနာတိကို အများကြီးမြင်တွိရပါရေ”ဟု ပြောဆိုခသည်။
အသက် ၂၃ နှစ်အရွယ် ညာနောက်ခံလူ ရီးစ်ဂျိမ်းစ် သည် ၂၀၁၈ ခုနှစ်တွင် ချဲလ်ဆီးအသင်းမှ ဝီဂန် အက်သလက်တစ် အသင်းသို့ အငှားလားရောက်ကဇတ်ခပြီး၊ ၂၀၁၉ ခုနှစ်တွင် ချဲလ်ဆီးအသင်းသို့ ပြန်ရောက် လာကာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၇ ပွဲ၌ ၁၁ ဂိုးသွင်းယူပီးထားသည်။
Source Reece James has officially been confirmed as Chelsea Football Clubs new captain
Photo – Chelsea FC
