APM ၊ သြဂတ်စ် ၁၀ / ၂၀၂၃
ဖလား ၃ လုံးအောင်မြင်မှုသည် တသက်မှာ တကြိမ်တည်းနန့် မလုံလောက်ဟု မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောဆိုလိုက်သည်။
ဩဂတ်စ် ၁၁ ရက်နိက ဘန်လေအသင်းနန့် ကဇတ်ရမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် မတိုင်ခင် ပွဲကြိုသတင်းစာယှင်းလင်း ပွဲ၌ ဂွာဒီယိုလာက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျနော်ရို့အနီ နန့် ပြီးခရေ ရာသီက အမြင့်ဆုံးအောင်မြင်မှုကို ရဟိခကတ်ပါရေ။ ယေဒါလေ့ ကွန်မြူနဒီဒိုင်း ဗိုလ်လုပွဲမှာ အာဆင်နယ် ကို အရေး နိမ့်ခပါရေ။ အဂုတော့ အကောင်းဆုံးပြန်စရပါဖို့” ဟု သူ ကဆိုသည်။
ယင်းအပြင် “အသင်းတိုင်းမှာ တူညီရေ ရည်ရွယ်ချက်တိ ဟိကတ်ပါရေ။ အကောင်ထည်ဖော်ဖို့ကျခါတော့ အခက်အခဲတိ အများကြီးပါ။ ကျနော်ရို့အသင်းကတော့ ဘောလုံး အဆင့်အတန်း၊ ကျနော်ရို့၏ စိတ်ဓာတ်ပြင်းပြမှုတိ နန့် ရာသီကို အကောင်းဆုံးဖြတ်ကျော်လားပါဖို့” ဟုလေ့ ဂွာဒီယိုလာ က ပြောကြားခသိမ့်သည်။
သြဂတ်စ် ၁၁ ရက်နိတွင် ဂွာဒီယိုလာ ရင်ဆိုင်ရမည့် ဘန်လေအသင်း နည်းပြ ကွန်ပနီသည် ဂွာဒီယိုလာ၏ နည်းပြအဖွဲ့ဝင် တယောက်ဖြစ်ခဖူးသည့်အပြင် မန်စီးအသင်း၏ အသင်းဂေါင်းဆောင် ကဇတ်သမားဟောင်း တယောက်လေ့ဖြစ်ပြီး ကုန်ခသည့် ရာသီက ဘန်လေအသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်ထားသူဖြစ်သည်။
Source- Manchester City will not be able to scale the dizzying heights of last season’s treble-winning campaign, manager Pep Guardiola said on Thursday ahead of their Premier League opener against Burnley/Reuters
Photo- The Star