
APM၊ ဩဂတ်စ် ၁၀/ ၂၀၂၃
မြန်မာပြည်တွင် လက်ဟိဖြစ်ပွားနီသည့် လက်နက်ကိုင်ပဋိပက္ခများနန့် ဆိုးရွားသည့် ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ဗြီးလူများ စဉ်ဆက်မပြတ်တိုးလာနီပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များဆက်လက် မြင့်တက်နီကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရီးရုံး(UNOCHA)က ဒေနိ (ဩဂတ်စ် ၁၀ရက်နိ)တွင်ထုတ်ပြန်သည်။
အဓိကအားဖြင့် အိုးအိမ်စွန့်ခွာထွက်ဗြီးလူတိုးခြင်းနန့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များသည် မြန်မာပြည်အနောက် မြောက်ပိုင်း၊ အရှိတောင်ဖက်၊ ကချင်နန့် ရက္ခိုင်ပြည်များတွင် ဆက်လက်မြင့်တက်နီသည်ဟု ဆိုသည်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်တွင် မြန်မာစစ်တပ်၏ စစ်ကြောင်းများဝင်ရောက်၍ ကုန်ခသည့် ဩဂတ်စ် ၃ရက်နိမှစ၍ ဒေသခံ ၅၀၀ လောက် နီရပ်စွန့်ခွာခရပြီး စစ်ကိုင်း၊ တမူးမြို့နယ်တွင် ဂျူလိုင်လနှောင်းပိုင်းက ဖြစ်ပွားခသည့် တိုက်ပွဲများ ကြောင့် အိုးအိမ်များပျက်စီးဆုံးယှုံးကာ လူ ၉,၀၀၀ ကျော် တိမ်းယှောင်ထွက်ဗြီးနီရကြောင်း သိရသည်။
အလားတူ သျှမ်းပြည်မြောက်ပိုင်းနန့် တနင်္သာရီတွင် လက်နက်ကြီးနန့် မိုင်းပေါက်ကွဲမှုများကြောင့် အချေ ၁ ယောက် သီဆုံးပြီး အချေ ၂ ယောက်အပါအဝင် အရပ်သား ၄ယောက် ထိခိုက်ဒဏ်ရာရဟိခသည်ဟု ဆိုသည်။
မြန်မာပြည်တဝန်းတွင် ဂျူလိုင် ၃၁ရက်နိအထိ ပြည်တွင်းနီရပ်စွန့်ခွာထွက်ဗြီးလူ ၁ ဒသမ ၉ သန်းကျော်ဟိလာပြီး ယင်းအထဲမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ဖော်ပြသည်။
တချိန်တည်းတွင် မုတ်သုံမိုးကြီးခြင်းကြောင့် ရီကြီးမှုနန့် မြီပြိုမှုများ ဖြစ်ပွားနီ၍ လိုအပ်ချက်များ ပိုမိုးများပြားလာပြီး မွန်ပြည်၊ ကရင်ပြည်၊ တနင်္သာရီနန့် ရက္ခိုင်ပြည်ရို့မှ ကျေးရွာများနန့် မြို့ပြဒေသများတွင် ရီကြီးမှုများ ဖြစ်ပွားနီသည်ဟု ဆိုသည်။
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် သြဂတ်စ် ၁ ရက်နိက နီအိမ် ၃၀ လောက် ရီဖီးသင့်ပြီး ထိခိုက်ပျက်စီးခကြောင်း ထုတ်ပြန် ချက်အတွင် ဖော်ပြထားသည်။
Source – Asia and the Pacific: Weekly Regional Humanitarian Snapshot (1 – 7 August 2023)
Photo – UNOCHA Myammar

