APM၊ ဩဂတ်စ် ၁၀ /၂၀၂၃
သံတွဲမြို့ နန့် ဂွမြိုနယ်ကြား ကားလမ်းမပေါ်တွင်ဟိသည့် ကြွီချိုင်တန်းထားအား ၃ ရက်ကြာပြုပျင်နီ၍ ကားလမ်းတလျှောက် ကား အများအပြား ပိတ်မိနီကြောင်း သိရသည်။
အဆိုပါကြွီချိုင်တန်းထားသည် သံတွဲ-ဂွ ကားလမ်းတခုတည်းမဟုတ်ဘဲ ရက္ခိုင်ပြည်မြို့နယ်များနန့် ရန်ကုန်သို့ ဗြီးဆွဲရာ လမ်းဖြစ်သည်။
ယင်းတန်းထားဟိ ကြမ်းခင်း သံပြားများမှာ ဟောင်းနွမ်းပျက်စီးနီ၍ ဆောက်လုပ်ရီးဝန်ကြီးဌာနက ဩဂတ်စ် ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ကြာပြုပျင်မည်ဟု အသိပီးဆိုင်းဘုတ်စိုက်ထူကာ တန်းထားပိတ်ပြီး လုပ်ငန်းစတင်နီသည်ဟု သိရသည်။
လက်ဟိ အဆိုပါ တန်းထားပိတ်ထားမှုကြောင့် သံတွဲ နန့် ဂွမြိုနယ်ဘက်မှလာသည့် ခရီးသည်တင်ကားများနန့် ကုန်တင်ကား အများအပြားမှာ ကားလမ်းတလျှောက် တန်းစီပိတ်မိနီကြောင်းကားသမားများ ပြောသည်။
အဂုပိုင် ၃ ရက်ကြာပိတ်ထားလျှင် အဂုထက်ပို၍ယာဉ်များပိတ်ဆို့မှုဖြစ်လာနိုင်သည့်အပြင် ကုန်စိမ်းတင်ဆောင်လာသည့် ကားသမားများမှာလေ့ ကုန်များ ပုတ်သိုးကာ အခက်ကြုံရနိုင်သည်ဟု ဆိုသည်။
ဘေလီတန်းထားအမျိုးအစားဖြစ်သည့် ကြွီချိုင်တန်းထားသည် ဂွမြို့နန့် မိုင် ၃၀ ၊ သံတွဲမြို့နန့် မိုင် ၅၀ အကွာ ကျိန္တလီမြို့နယ် ခွဲ၊ ကြွီချိုင်ရွာအနားတွင်တည်ဟိကြောင်းသိရသည်။