APM ၊ ဩဂတ်စ် ၁၀/ ၂၀၂၃
မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်၊ ချောင်းရီမြင့်တက်လာမှုကြောင့် ရီလွှမ်းမိုးမှုခံခရသည့် မင်းပြားမြို့နယ်၊ မင်းဖူးရွာ မှ အာရက္ခပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က စားနပ်ရိက္ခာများ ထောက်ပံ့ပီးခ ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့်အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဒေနိ(ဩဂတ်စ် ၁၀ ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ရီလွှမ်းမိုးမှုဒဏ်ခံခရသည့် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာအတွင်း ULA/AA တပ်ဖွဲ့ဝင်များက စက်လှီ၊ ဟွန်ဒါများဖြစ် ဆန်အပါအဝင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပီးနီသည်ကို တွိရသည်။
ရက္ခိုင်တွင် ကုန်ခသည့် ဂျူလိုင် ၃၁ ရက်နိမှစ၍ မိုးအဆက်မပြတ် ဆက်တိုက် ရွာသွန်းမှုနန့်အတူ မြစ်ရီ၊ ချောင်းရီ မြင့်တက် လာမှုကြောင့် မင်းပြားမြို့နယ်အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ စသည့်မြို့နယ်များတွင်လေ့ ရီလွှမ်းမိုးမှုဒဏ်ကိုခံခရပြီး ဒေသခံအများအပြား ရီဖီးသင့်ခရသည်။
အဆိုပါ ရီလွှမ်းမိုးမှုဒဏ်ခံခရသည့် ဒေသများမှ ဒေသခံပြည်သူအများစုမှာ လက်ဟိ နီထိုင်စားသောက်ရီး အခက်ကြုံနီ ကတ်ရပြီး ULA/AA က ယင်းကျေးရွာများသို့လားရောက်ကူညီထောက်ပံ့ပီးလျက်ဟိကြောင်း သိဟိရသည်။
Photo – Cyclone Mocha ERRCA