APM၊ သြဂတ်စ် ၁ဝ /၂ဝ၂၂
လုံခြုံရီးအာမခံချက်မဟိဟုဆိုကာ မောင်တောမှ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရီးမှူး ၂ ယောက် သြဂတ်စ် ၂ ရက်နန့် ၅ ရက်နိတွင် မြို့နယ်အုပ်ချုပ်ရီးမှူးရုံးသို တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြောင်း သတင်းရဟိသည်။
နုတ်ထွက်စာတင်လိုက်သည့် ရပ်/ကျေး အုပ်ချုပ်ရီးမှူး နှစ်ယောက်မှာ မောင်တောမြို့နယ် မင်းခမောင်းရွာအုပ်ချုပ်ရီးမှူး ဦးကျော်ညွန့်နန့် တမန်းသားရွာအုပ်ချုပ်ရီးမှူး ဦးမောင်သိန်းညွန့်ရို့ဖြစ်ကတ်သည်။
သူရို့နှစ်ယောက်သည် မောင်တောမြို့နယ်တွင် ဂျူလိုင် ၁၈ ရက်နိက ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကြိမ်ချောင်းရွာအုပ်ချုပ်ရီးမှူးနန့် သာယာကုန်းရွာ တာဝန်ခံရို့ကို ဖမ်းယူလားခပြီး လက်ဟိအချိန်ထိ ပြန်လွတ်မြောက်လာခြင်းမဟိသဖြင့် ဘဝလုံခြုံမှုမဟိ၍ အဂုပိုင် နုတ်ထွက်စာတင်ကတ်ခြင်းဖြစ်သည်ဟု ရပ်/ကျေးအုပ်ချုပ်ရီးမှူးများက ဆိုသည်။
ယင်းအပြင် မောင်တောမြို့နယ်မှ ကျန် ရပ်/ကျေး အုပ်ချုပ်ရီးမှူးများလေ့ ဒေသတွင်း တစုံတရာဖြစ်လာလျှင် အုပ်ချုပ်ရီးမှူးများနန့် ရပ်မိ၊ရပ်ဖများကိုရာ စစ်ကောင်စီတပ်က ဖမ်းဆီးနီသည့်အတွက် အလားတူ နုတ်ထွက်စာများတင်ရန် ဆုံးဖြစ်ထားကတ်ကြောင်း သိရသည်။
ကုန်ခသည့် ၂ဝ၁၉ ခုနှစ်၊ ဂျုန်လက ကျောက်တော်မြို့နယ် ရွှေပြည်ရွာမှ ကျေးရွာတာဝန်ခံ ၁ ယောက်နန့် အုပ်ချုပ်ရီးမှူး ၂ ယောက်ကို စစ်ကောင်စီတပ်ဖမ်းဆီးခသည့်အတွက် ယင်းမြို့နယ်ဟိ ရပ်/ကျေးအုပ်ချုပ်ရီးမှူး အယောက် ၅ဝ ခန့် နုတ်ထွက်စာတင်ခကတ်သိမ့်သည်။
ယင်းနည်တူ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကလေ့ မြောက်ဦးမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရီးမှူး ၁ဝဝ ကျော် နုတ်ထွက်စာတင်ခကတ်ကြောင်း သိဟိရသည်။
(Zawgyi)
လုံခြုံရီးအာမခံချက်မဟိဟုဆိုကာ မောင်တောမှ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရီးမှူး ၂ ယောက် နုတ်ထွက်
APM၊ သြဂတ်စ် ၁ဝ /၂ဝ၂၂
